SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရေဘေးသင့် ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

Friday, 03 August 2018 08:36 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၂

မြန်မာနိုင်ငံအတွင်း ရေဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။ ရေဘေးသင့် ပြည်သူများအတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၃ ဦး၏ တစ်ရက်စာ နေ့တွက်စရိတ် လှူဒါန်းငွေကျပ် ၄၄၄၀ဝ၀ဝ ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးထံသို့ ပေးအပ်လှူဒါန်းသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက လက်ခံရယူသည်။ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမျိုးသားလွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Read 190 times Last modified on Friday, 03 August 2018 08:36