SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အစားထိုး သီးနှံမျိုးစေ့နှင့် ပျိုးပင်များ ထောက်ပံ့ပေးအပ်

Friday, 03 August 2018 09:23 font size decrease font size decrease font size increase font size increase font size

ကျိုင်းတုံ ဩဂုတ် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် အစားထိုး သီးနှံမျိုးစေ့နှင့် ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်နယ်ဒုတိယ စိုက်ပျိုးရေး ဦးစီးဌာနရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ စိုက်ပျိုးရေး ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ဦးက အစားထိုးသီးနှံများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ဦး၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးငြိမ်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေးနှင့် တာဝန်ရှိသူများက ပန်ကြူကျေးရွာနှင့် လွယ်မွေကျေးရွာများမှ တောင်သူ ၃၀ ဦးတို့အား အစားထိုး သီးနှံများကို အသီးသီးပေးအပ်ပြီး တက်ရောက်လာသည့် တောင်သူများက သိလိုသည့် စိုက်ပျိုးရေး နည်းပညာများကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ဒုတိယ စိုက်ပျိုးရေး ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ဦးနှင့် ဝန်ထမ်းများ၊ ပန်ကြူကျေးရွာနှင့် လွယ်မွေကျေးရွာများမှ တောင်သူများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ကြောင်း သိရသည်။

Read 200 times Last modified on Friday, 03 August 2018 09:24