SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပူတာအို မြို့နယ်၌ စုပေါင်းဓာတ်မြေဩဇာ ကြဲပက်ပွဲကျင်းပ

Friday, 03 August 2018 09:24 font size decrease font size decrease font size increase font size increase font size

ပူတာအို ဩဂုတ် ၂

ကချင်ပြည်နယ် ပူတာအိုခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆောင်းနှင့် ပူတာအိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးထွန်းနိုင်တို့ဦးဆောင်၍ SRI စိုက်ပျိုးနည်း စနစ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးစံပြကွက်တွင် ဒေသခံ တောင်သူများနှင့်အတူ စုပေါင်းဓာတ်မြေဩဇာ ကြဲပက်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပူတာအိုမြို့ မတ်ပန်ကွင်းရှိ ကွင်းအမှတ်(၄၁) တောင်သူ ဦးဝင်းနိုင်ထွေး၏ စံပြစိုက်ကွက်၌ ကျင်းပသည်။ ရှေးဦးစွာ ပူတာအိုခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆောင်းနှင့် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးထွန်းနိုင်တို့က SRI စိုက်နည်းစနစ်သည် စပါးမျိုးစေ့နှုန်းထား သက်သာပြီး ကုန်ကျစရိတ်နည်း၍ အကျိုးအမြတ်များသည့် စိုက်နည်းစနစ်ဖြစ်ကြောင်း၊ စပါးပင်သက်တမ်း အလိုက် အချိုးညီ အချိန်ကိုက် ဓာတ်မြေဩဇာကို ကြဲပက်ပေးရမည် ဖြစ်ကြောင်း၊ ပျိုးသက် ၂၀ ရက်သားဖြင့် ၁၀ လက်မပတ်လည် စိုက်စနစ်ဖြင့် စိုက်ပျိုးထားကြောင်းနှင့် ပိုးမွှားကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ပွဲသို့ တက်ရောက်လာသည့် တောင်သူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကာ ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ကြကြောင်း သိရသည်။

Read 123 times Last modified on Friday, 03 August 2018 09:24