SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အထူးစီးပွားရေးဇုန်များ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက် လာစေရန် အစွမ်းကုန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်

Friday, 03 August 2018 09:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၂

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ မဟာဗျူဟာ စီမံကိန်း (၂၀၁၉-၂၀၂၂)ပါ လုပ်ငန်းဆောင်ရွက်ချက်များ အပေါ် လေ့လာစောင့်ကြည့်ခြင်းနှင့် စိစစ်သုံးသပ်ခြင်း နည်းလမ်းများ၊ စီမံကိန်းများ ရေးဆွဲခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် နေပြည်တော် ဩဂုတ် ၂ မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၁၈)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်နှင့် ဦးစိုးဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ဖြစ်ကြသည့် ဦးဖြိုးမင်းသိန်းနှင့် ဒေါ်လဲ့လဲ့မော်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဦးအောင်ထူးနှင့် ဦးကျော်လင်း၊ အထူးစီးပွားရေး ဇုန်များမှ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့ချိန်မှစ၍ ယနေ့ကျင်းပသည့် အစည်းအဝေးသည် တတိယ အကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေး ဖြစ်ကြောင်း၊ ယခုအစည်းအဝေး မကျင်းပမီ ကာလများတွင်လည်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများ အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန် ဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း။ ၂၀၁၄ ခုနှစ် မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေအရ မြန်မာနိုင်ငံတွင် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူအထူး စီးပွားရေးဇုန် တို့ကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ သီလဝါ အထူး စီးပွားရေးဇုန်တွင် ဇုန် A သည်အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးလုနီးပါး ရှိပြီဖြစ်ပြီး တစ်ဆက်တည်းမှာပင်ဇုန် B ကိုဆက်လက် အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလာကြသည့် ကုမ္ပဏီ စုစုပေါင်း ၉၇ ခုထိရှိနေပြီဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၉၁ ဒသမ ၉၀ သန်းရှိကြောင်း၊ လက်ရှိ လည်ပတ်နေသည့် စက်ရုံ ၅၂ ရုံထိရှိနေပြီ ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်သည်ကို တွေ့ရှိရကြောင်း၊ ထားဝယ်နှင့် ကျောက်ဖြူဇုန်တို့ အနေဖြင့် တိုးတက်မှု နှေးကွေးနေသေးသည်ကို တွေ့ရကြောင်း၊ မိမိတို့ အနေဖြင့် ထိရောက်သည့် တိုးတက်မှုတစ်ခု ရရှိလာရန် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။ ကျောက်ဖြူအထူး စီးပွားရေးဇုန်သည် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနှင့် အညီတင်ဒါခေါ်ယူ အောင်မြင်ပြီးဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု အပါအဝင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု အတွက်ပါ အထောက်အကူပြုနိုင်သည့် စီမံကိန်း ဖြစ်သည့်အတွက် အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ကျောက်ဖြူဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အတွက် Framework Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိရာ တိုးတက်မှု ရှိလာမည်ဟု ယုံကြည်ကြောင်း။ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံသည် (Special Purpose Vehicle-SPV) တွင် ပါဝင်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စီမံကိန်း မြန်မြန်ပြီးလျှင် မြန်မြန်ဖွံ့ဖြိုး တိုးတက်လာနိုင်မည် ဖြစ်သည့်အတွက် ကနဦးစီမံကိန်း အပါအဝင် ပင်မစီမံကိန်းကိုပါ အလျင်အမြန် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိအကောင်အထည် ဖော်နေဆဲ အထူးစီးပွားရေးဇုန်များ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာစေရန် အစွမ်းကုန်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ရာ ပွင့်လင်းမြင်သာစွာ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ ထို့နောက် မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထူးက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်နီလာကျော်က သီလဝါ အထူးစီးပွားရေးဇုန်ဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ထားဝယ်အထူး စီးပွားရေးဇုန်ဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ထားဝယ်-ထီးခီး နှစ်လမ်းသွား ကားလမ်း တည်ဆောက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဗဟိုအဖွဲ့တွဲဖက် အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထူးက ကျောက်ဖြူအထူးစီးပွားရေး ဇုန်ဆိုင်ရာ အမှာစာတင်ပြချက်နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးခင်မောင်ချို၊ ဒေါက်တာ သန်းမြင့်နှင့်ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ထားဝယ်အထူး စီးပွားရေးဇုန်မှ ဒေါက်တာမြင့်ဆန်း၊ ကျောက်ဖြူအထူးစီးပွား ရေးဇုန်မှ ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများက မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးကြသည်။ ထို့နောက် မြန်မာအထူး စီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ဦးဟင်နရီဗန်ထီးယူက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ အထူးစီးပွားရေး ဇုန်များကို အကောင်အထည်ဖော်ရာတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဆောင်ရွက်ခြင်း ဖြစ်သော်လည်း တစ်ဖက်နှင့်တစ်ဖက် မျှတမှုရှိရန် ချင့်ချိန်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။ ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ပတ်သက်၍ မြန်မာ-ထိုင်း-ဂျပန် သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အနေဖြင့် လက်ရှိစာချုပ်များနှင့် MoU များကို ပြန်လည်သုံးသပ်၍ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို လေ့လာအကြံပြု ပေးစေလိုကြောင်း၊ ကနဦး စီမံကိန်းတွင် မြန်မာ-ထိုင်း အစိုးရချင်း ပူးပေါင်းဆောင်ရွက်မည့် ထားဝယ် - ထီးခီးလမ်း ဖောက်လုပ်ရေးစီမံကိန်း အမြန်ဆုံး ဖြစ်မြောက်အောင် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ သီလဝါဇုန်နှင့် ပတ်သက်၍ လက်ရှိအောင်မြင်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းထား ကြရမည်ဖြစ်ကြောင်း၊ မြေယာဆိုင်ရာ တင်ပြမှု များကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းညှိနှိုင်း ဖြေရှင်းကြရမည် ဖြစ်ကြောင်း၊ သီလဝါဇုန်သည် ထပ်မံတည်ထောင်ရန် ရည်ရွယ်ထားသည့် အထူးစီးပွားရေးဇုန် အားလုံးအတွက် စံပြပုံစံ တစ်ခုဖြစ်သည့်အတွက် ကျင့်သုံးသည့်စနစ်များကို ကမ္ဘာ့အဆင့်မီ တိုးတက်အောင် အမြဲလေ့လာ ပြုပြင်ပြောင်းလဲနေရန် လိုအပ်ကြောင်း၊ အထူးစီးပွားရေးဇုန်များ အတိုင်းအတာတစ်ခုထိ တိုးတက်လာစေပြီး ပြည်သူများလက်တွေ့ အကျိုးခံစား ရစေရေးနှင့် မျှော်လင့်ချက်များ ရှင်သန်လာစေရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းပြောကြားသည်။

Read 131 times Last modified on Friday, 03 August 2018 09:25