SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

လုပ်ငန်းဆောင်ရွက်ချက်များ အပေါ် လေ့လာစောင့်ကြည့်ခြင်းနှင့် စိစစ်သုံးသပ်ခြင်း နည်းလမ်းများ၊ စီမံကိန်းများ ရေးဆွဲခြင်း သင်တန်းဖွင့်ပွဲကျင်းပ

Friday, 03 August 2018 09:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၂

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာ စီမံကိန်း (၂၀၁၉-၂၀၂၂)ပါ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် လေ့လာစောင့်ကြည့်ခြင်းနှင့် စိစစ်သုံးသပ်ခြင်း နည်းလမ်းများ၊ စီမံကိန်းများ ရေးဆွဲခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး သင်တန်းခန်းမ၌ ကျင်းပသည်။ ဖွင့်ပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ သင်တန်းသားများနှင့် IFES အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အဆိုပါ ဖွင့်ပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ၂၀၁၃ ခုနှစ်ကတည်းက စတင်ပြီး မဟာဗျူဟာစီမံကိန်းကို ချမှတ်ရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက်လည်း ယခု ၂၀၁၈ ခုနှစ်ကတည်းက စတင်၍ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေး ပါတီများနှင့် လူမှုအဖွဲ့အစည်းများကို ချပြအကြံဥာဏ်များ ရယူပြီး ရေးဆွဲကြောင်း။ မဟာဗျူဟာ စီမံကိန်းပါ ဆောင်ရွက်ရမည့် လုပ်ငန်းများသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများ အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးမြောက်အောင်မြင်အောင်လည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ IFES အဖွဲ့မှ Deputy Country Director ဖြစ်သူ Ms. Pascaline Krone က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းအစီအစဉ် များကို ရှင်းလင်းတင်ပြပြီး Director, M&E and Survey Research ဖြစ်သူ Mr. Rakesh Sharma ကလေ့လာစောင့်ကြည့်ခြင်း၊ စိစစ်သုံးသပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် သင်တန်းသားများက အဖွဲ့ငါးဖွဲ့ခွဲ၍ မဟာဗျူဟာ စီမံကိန်း ခေါင်းစဉ်များအလိုက် ဆွေးနွေးကြသည်။ ယခုဖွင့်လှစ်သည့် သင်တန်းသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်မှ သင်တန်းသား၃၅ ဦး တက်ရောက်ပြီး ဩဂုတ် ၂ ရက်မှ ၃ ရက်အထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 193 times Last modified on Friday, 03 August 2018 09:25