SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

စည်းရုံးရေးမှူးများ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

Friday, 03 August 2018 09:27 font size decrease font size decrease font size increase font size increase font size

မိုးကောင်း ဩဂုတ် ၂

ကချင်ပြည်နယ် မိုးကောင်းမြို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း) စတင်နိုင်ရန်အတွက် စည်းရုံးရေးမှူးများ စွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးနေသူရိန်စိန်လှက အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကြသည်။ အဆိုပါ သင်တန်းကို ဩဂုတ် ၂ ရက်မှ ၁၁ ရက်အထိ ဖွင့်လှစ်မည် ဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စည်းရုံးရေးမှူး ၃၃ ဦးတို့ တက်ရောက်ကြမည်ဖြစ်ကာ လူထုဗဟိုပြု စီမံကိန်း ဦးစီးအရာရှိ ဒေါ်အေးအေးလင်း၊ နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်လုနန်နှင့် ဦးကျော်မိုးတို့က အပိုင်းခြောက်ပိုင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့် ၁၄ ဆင့်တို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများက ဆားမှော်ကျေးရွာနှင့် ပြွန်သုံးလုံးကျေးရွာတို့သို့ လက်တွေ့ကွင်းဆင်း၍ စီမံကိန်း မိတ်ဆက်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တတိယနှစ် စက်ဝန်းတွင် ကျေးရွာအုပ်စု ၃၆ အုပ်စုအတွက် စီမံကိန်း ရန်ပုံငွေရရှိရေး ဩဂုတ်လအတွင်း တောင်းခံသွားမည် ဖြစ်ကြောင်း စီမံကိန်း တာဝန်ခံ ဒေါ်အေးအေးလင်းထံမှ သိရသည်။

Read 177 times Last modified on Friday, 03 August 2018 09:28