SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေတွင် ကျေးရွာတာဝန်ခံများအား ချီးမြှင့်ထောက်ပံ့ငွေ သတ်မှတ်ပေးရန် ပြဋ္ဌာန်းထားခြင်းမရှိ

Friday, 03 August 2018 09:28 font size decrease font size decrease font size increase font size increase font size

ပြည်သူ့လွှတ်တော်အစည်းအဝေး

နေပြည်တော် ဩဂုတ် ၂

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောတူညီမှုဖြင့် မြန်မာနိုင်ငံရှိ ရေဘေးအန္တရာယ် ကျရောက်နေသည့် ဒေသအသီးသီးမှ ပြည်သူများကိုကူညီရန် ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် တစ်ရက်စာ ငွေကျပ် ၈၅၈၀ဝ၀ဝ နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ လက်ဆောင်ပေးခြင်းနှင့် အလှူဒါနခေါင်းစဉ်မှ လှူဒါန်းငွေကျပ် ၁၁၄၂၀ဝ၀ဝ စုစုပေါင်း ငွေကျပ်သိန်း ၂၀ဝ အား လှူဒါန်းမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။ မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၏ တိုင်းရင်းသား မီဒီယာများ ရှင်သန်ဖွံ့ဖြိုးရေး အတွက် တိုင်းရင်းသား မီဒီယာကျောင်း(ကောလိပ်) ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြန်လည်ဖြေကြားသည်။ ထို့နောက် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအဆင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ် တင်မြှောက်ပွဲများတွင် မည်သည့်ငွေစာရင်း ခေါင်းစဉ်ဖြင့် စီစဉ်ဆောင်ရွက် ခဲ့ပါသနည်း၊ နောင်တွင်ကျင်းပမည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးချယ်ပွဲများတွင် အဆင်ပြေစွာ ကျင်းပဆောင်ရွက် သွားနိုင်ရန် ဘဏ္ဍာငွေစာရင်း ခေါင်းစဉ်သီးသန့်ခွဲဝေ ချမှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် သက်ဆိုင်ရာ ကျေးရွာတာဝန်ခံ များကိုလည်း ချီးမြှင့်ထောက်ပံ့ငွေ သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုအား တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ ၁-၁၀-၂၀၁၁ ရက်မှစ၍ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးများ၏ ဘဏ္ဍာငွေအရအသုံး ကိစ္စရပ်များကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အဆင့်ဆင့်၏ ဘဏ္ဍာငွေအရအသုံး ကိစ္စရပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့်လည်းကောင်း ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လစဉ်ချီးမြှင့် ထောက်ပံ့ငွေအား ငွေကျပ် ၇၀ဝ၀ဝ နှုန်းဖြင့် စရိတ်ချီးမြှင့်ငွေ ခေါင်းစဉ်အောက်မှလည်းကောင်း၊ အုပ်ချုပ်ရေးမှူးရုံး တစ်ရုံးတွင် ရုံးအသုံးစရိတ်အား ငွေကျပ် ၅၀ဝ၀ဝ နှုန်းဖြင့် ပစ္စည်းလုပ်အားခ ခေါင်းစဉ်အောက်မှလည်းကောင်း ချီးမြှင့်ထောက်ပံ့ပေးရန် ညွှန်ကြားခဲ့ကြောင်း။ ထို့ပြင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများတွင် အဆင်ပြေစွာ ကျင်းပဆောင်ရွက် သွားနိုင်ရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့သော ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းအရ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့၏ ခွင့်ပြုချက် ရရှိပြီးသည့်ဌာန၊ အဖွဲ့အစည်းများ၏ အသစ်ဖြစ်သော အသုံးစရိတ်များ ကျခံနိုင်ရန်လိုငွေကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၏ အခြားငွေစာရင်း ခေါင်းစဉ်တစ်ခုခု အောက်ရှိ ပိုလျှံငွေမှ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရန်ပုံငွေ လွှဲပြောင်းသုံးစွဲနိုင်ကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန် ဘဏ္ဍာရေး ရန်ပုံငွေ တင်ပြတောင်းခံမှု မပြုလုပ်မီ ကြိုတင်သိရှိရပါက ငွေလုံးငွေရင်း အသုံးစရိတ်တွင် ထည့်သွင်းတင်ပြ တောင်းခံ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များမှ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း များနှင့်အညီ ခွင့်ပြုဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေး ဥပဒေတွင် ကျေးရွာ တာဝန်ခံများအား ချီးမြှင့်ထောက်ပံ့ငွေ သတ်မှတ်ပေးရန် ပြဋ္ဌာန်းထားခြင်း မရှိသဖြင့် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခြင်းမရှိကြောင်း။ သို့ပါ၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲများတွင် ကျခံသုံးစွဲရမည့် အသုံးစရိတ်များနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ကျခံသုံးစွဲလျက်ရှိသဖြင့် သီးသန့်ငွေ စာရင်းခေါင်းစဉ် သတ်မှတ်ပေးရန် အစီအစဉ် မရှိကြောင်းနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် ကျေးရွာတာဝန်ခံများ အား ချီးမြှင့်ထောက်ပံ့ငွေ သတ်မှတ်ပေးရန် ပြဋ္ဌာန်းထားခြင်း မရှိသဖြင့် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခြင်းမရှိကြောင်း ရှင်းလင်းဖြေကြားသည်။ မူဆယ်မဲဆန္ဒနယ်မှ ဦးစိုင်းဖိုးမြတ်က မူဆယ်မြို့နယ်တွင် နိုင်ငံကူးလက်မှတ် (Passport)ထုတ်ပေးသည့် ရုံးခွဲဖွင့်လှစ် ထားရှိပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ(လားရှိုး) အနေဖြင့် သာမန်မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထား သူများအား အချိန်နှင့် တစ်ပြေးညီစိစစ်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အခါအားလျော်စွာ မူဆယ်မြို့သို့ ကွင်းဆင်း၍ Home Service ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ၂၁-၁၁-၂၀၁၆ ရက်မှစ၍ နိုင်ငံ၏ လုံခြုံရေး အခြေအနေအရ မူဆယ်မြို့မှ တရုတ်နိုင်ငံသို့ သာမန်မြန်မာနိုင်ငံကူး လက်မှတ်ဖြင့် ဝင်/ထွက် သွားလာခွင့် တားမြစ်ထားပါကြောင်းနှင့် လက်ရှိအခြေအနေတွင် မူဆယ်မြို့တွင် သာမန်မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး ဖွင့်လှစ်ရန် အစီအစဉ် မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ လှိုင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များအတွက် မြေငှားဂရန် ထုတ်ပေးရေးနှင့် ပတ်သက်၍ ဂရန်ပေးရေး စီမံချက်အတိုင်း ဆက်လက် ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များအတွက် မြေငှားဂရန် ထုတ်ပေးရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ဖွဲ့စည်းပေးခဲ့သော မီးလောင်ပြင် မြေနေရာပြန်လည် စိစစ်ရေးကော်မတီက မီးလောင်ပြင်မြေနေရာတွင် နေထိုင်သူများ၏ ပိုင်ဆိုင်မှုအတိုင်း နှစ်၆၀ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးနိုင်ရေး အတွက် စနစ်တကျစိစစ်၍ ဂရန်ပေးရေး စီမံချက်အတိုင်း လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။ ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး(ခ) ဦးအတွတ်က အစိုးရဌာန အဖွဲ့အစည်းများ၏ ဝန်ဆောင်ပေးမှုများကို ပြည်သူများ အမှန်တကယ် ရရှိခြင်းဖြင့် အစိုးရနှင့် ပြည်သူကြား အပြန်အလှန် ယုံကြည်မှု မြင့်တက်စေပြီး ဒီမိုကရေစီ စနစ်ကို ပီပြင်စွာ အကောင်အထည် ဖော်ရာတွင် အထောက်အကူပြုနိုင်သောကြောင့် One Stop Shop ကို One Stop Serviceသ သို့ အဆင့်မြှင့်တင် အကောင်အထည် ဖော်ဆောင်ပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန်သင့်၊ မသင့် အဆုံးအဖြတ် ရယူရာ လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ယင်းအဆိုကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာနိုင်ငံ ခရီးသွားလာရေး လုပ်ငန်းဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

Read 169 times Last modified on Friday, 03 August 2018 09:28