SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

သိန်ရင်ရေလှောင်တမံမှ ယခုနှစ်တွင် မိုးစပါးဧက ၂၄၀ဝ စိုက်ပျိုးရေ ပေးဝေနိုင်ရန်လျာထား

Friday, 03 August 2018 09:46 font size decrease font size decrease font size increase font size increase font size

ကန့်ဘလူ ဩဂုတ် ၂

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် အတွင်းရှိ သိန်ရင်ရေလှောင်တမံမှ စိုက်ပျိုးရေများ ပေးဝေနိုင်ခဲ့ခြင်းကြောင့် ရွာမ၊ ရွာသစ်၊ ငါတို့၊ ထိန်တောစသည့် ကျေးရွာတို့မှ ဒေသခံတောင်သူများ အတွက် ယမန်နှစ်က မိုးစပါး ၂၄၀၁ ဧကနှင့် နွေစပါး ၉၆၀ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် တောင်သူများ၏ စိုက်ပျိုးစွမ်းအားမြင့်တက်၍ စိုက်ပျိုးထုတ်ကုန် တိုးတက်ရေးကို အထောက်အကူ ပြုနိုင်ခဲ့သည်။ အဆိုပါ သိန်ရင်ရေလှောင်တမံသည် ကန့်ဘလူမြို့၏ အရှေ့တောင်ဘက် ရွာမကျေးရွာ၏ မြောက်ဘက်တစ်မိုင်ခန့်၌ တည်ရှိသည်။ ယခုနှစ်တွင် သိန်ရင်ရေလှောင်တမံမှ မိုးစပါးဧက ၂၄၀ဝ ကို စိုက်ပျိုးရေပေးဝေနိုင်ရေး လျာထားကာ လက်ဝဲတူးမြောင်းမကြီးနှင့် လက်ယာတူးမြောင်းမကြီးတို့မှ ပျိုးထောင် စိုက်ပျိုးနိုင်ရန် အတွက် စိုက်ပျိုးရေများကို ဇူလိုင်ဒုတိယပတ်က စတင်ပေးဝေခဲ့သည်။ စိုက်ပျိုးရေပေးဝေနေစဉ် အတွင်း တောင်သူများ အနေဖြင့် ရေပေးဝေမှုနှင့် ပတ်သက်၍ အခက်အခဲများ ရှိပါက ဌာနတာဝန်ရှိသူများ အမည်နှင့် ဖုန်းနံပါတ်များဖြင့် Call Centre များထားရှိကာ လိုအပ်သော အကူအညီများ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း တည်ဆောက်ရေး(၄)မှ ဦးစီးအရာရှိ ဦးသိန်းသန်းဝင်းကပြောသည်။ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးရေး လုပ်ငန်းများအတွက် မိုးရေကိုသာ မှီခိုအားထား စိုက်ပျိုးကြကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးထုတ်ကုန်များ တိုးတက်ရေးအတွက် အထောက်အကူ ပြုစေရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက မြစ်ချောင်းများ၊ ဆည်များ၊ တာတမံများ၊ မြေအောက်ရေ ဖော်ထုတ်ရေး စီမံကိန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Read 194 times Last modified on Friday, 03 August 2018 09:47