SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကလေးဝမြို့နယ်တွင် ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်ပွား၊ လူငါးဦးသေဆုံး

Saturday, 04 August 2018 09:15 font size decrease font size decrease font size increase font size increase font size

ကလေးဝ ဩဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ် သစ်ချောက်ကျောက်မီးသွေး မိုင်းဒေသ သစ်ချောက်ကျေးရွာနှင့် ၁၀ မိုင်ခန့်အကွာရှိ ထွန်းသွင်အကြီးစား သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ လက်ခွဲ ရွှေပေါက်ပေါက် ကုမ္ပဏီ၏ ကျောက်မီးသွေးတူးဖော်ရေး မြေအောက်တွင်း အမှတ်(၂)တွင် ဩဂုတ် ၂ ရက်ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ကျောက်မီးသွေးတွင်းအတွင်း ဓာတ်ငွေ့(မီသိန်းဓာတ်ငွေ့) ပေါက်ကွဲပြီး ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် အောက်ဆီဂျင် ပြတ်လပ်ခဲ့သော မိုင်းလုပ်သား ကျော်ရဲအောင် ၂၇ နှစ်၊ ဟိန်းစိုးထက် ၂၀ နှစ်၊ ကျော်ဇင်လတ် ၂၇ နှစ်၊ ပြည့်ဖြိုးအောင် ၂၆ နှစ်တို့အား ကလေးဝမြို့နယ် ပြည်သူ့ဆေးရုံသို့ အချိန်မီပို့ဆောင်ပြီး ဆေးကုသမှု ခံယူစေလျက် ရှိကြောင်းနှင့် မိုင်းအတွင်း ပိတ်မိခဲ့သော မြန်မာနိုင်ငံသား လေးဦးနှင့် တရုတ်နိုင်ငံသား တစ်ဦး စုစုပေါင်း ငါးဦးတို့ကို ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် အသက်သေဆုံးလျက် အပြင်သို့ ပြန်လည် ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ မိုင်းတွင်းပေါက်ကွဲ ပြိုကျမှု ဖြစ်ပွားရာသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Read 137 times Last modified on Saturday, 04 August 2018 09:16