SJ WorldNews - шаблон joomla Авто

ပဲခူးမြို့ ဘုရားဈေး သစ်ဈေး ပြန်လည် ဆောက်လုပ်ရေး တွေ့ဆုံညှိနှိုင်း

Sunday, 03 September 2017 10:56 font size decrease font size decrease font size increase font size increase font size

ပဲခူး  စက်တင်ဘာ  

ပဲခူးမြို့ ဘုရားဈေးသစ် ပြန်လည်ဆောက် လုပ်ရေး တွေ့ဆုံညှိနှိုင်းပွဲကို ယမန်နေ့ မွန်း လွဲ ၁ နာရီခွဲက ပဲခူးမြို့ သီရိ ဟံသာခန်းမ၌  ကျင်းပသည်။

ရှေးဦးစွာ ပဲခူးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ခင်က မြို့သာယာလှပရေး အတွက် ဈေးသည်လည်း  အရေးပါကြောင်း၊ မြို့အင်္ဂါ၊ ဈေးအင်္ဂါရပ်နှင့်ညီညွတ်သည့်    ဈေးတည်ဆောက်ရန်  အတွက် ဈေးသူဈေးသားတို့၏ သဘောထား ဆန္ဒတို့ကို အဓိကထား၍ ဆန္ဒမဲကောက်ယူ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စည်ပင် သာယာရေး အမှုဆောင် အရာရှိ ဦးမိုးကျော်က ဈေးသူ ဈေးသားများ၏ သဘောထား ဆန္ဒများအပေါ် မူတည်၍ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်း စဉ်များနှင့် ဈေးသူဈေးသားများ၏ အခန်းကဏ္ဍ များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဈေးသူ ဈေးသားများက ဈေးသစ်ဆောက်လုပ်ရန်အတွက် ဆန္ဒမဲပေး ရာတွင် အမှန်တကယ် ရောင်းချနေကြသည့် ဆိုင်ရှင်များ၏ ဆန္ဒကို ထည့်သွင်းစဉ်းစား စေလိုကြောင်း၊ ဈေးဆိုင်နေရာ၊ ယာဉ်ရပ်နား နေရာ၊ ရေမြောင်း တို့ကို စနစ်တကျ သတ်မှတ် ပေးစေလိုပြီး ဈေးဆောက် လုပ်မည့်ပုံစံ၊ အနေအထား၊ ဆိုင်ခန်းကုန်ကျစရိတ် စသည်တို့ကို တိတိကျကျ သိရပြီးမှ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ ဆိုင်ခန်းများ အသစ် မဆောက်ဘဲ လက်ရှိ ပိုင်ဆိုင်ထားသည့် ဆိုင်ခန်းများကိုသာ ပြန်လည်ပြုပြင် စေလိုကြောင်း၊ ဆိုင်ခန်း အတွက် ကုန်ကျ စရိတ်များကို စိုးရိမ်ကြောင်း၊ မည်သို့မည်ပုံဆောက်လုပ်မည်ကို တိတိကျကျ မသိရဘဲ မဲပေးလျှင် ဆိုင်ရှင် များအတွက် နစ်နာမှုများရှိနိုင်ကြောင်း၊ မဲပေးသည့်အခါ တွင်လည်း ပွင့်လင်းမြင်သာမှု ရှိစေလိုကြောင်း စသည်ဖြင့် အသီးသီး ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တာဝန်ရှိသူများက ဈေးသစ် ပြန်လည် တည်ဆောက်ရာတွင် ဈေးသူဈေး သားများ၏ ဆန္ဒသဘော တူညီမှုမပါဘဲ ဆောင်ရွက်မည် မဟုတ်ကြောင်း၊ ဆန္ဒမဲကောက် မည့်အချိန်ကို ထုတ်ပြန်ကြေညာ ပေးမည်ဖြစ်ရာ ဆန္ဒ သဘောထား ကောက်ယူပြီးသည့် အခါတွင်လည်း ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းစဉ် အသေး စိတ်ကို ထပ်မံတွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

(၄ဝ၁)

Read 517 times Last modified on Sunday, 03 September 2017 10:57