SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

တိုက်ရိုက်မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြ

Saturday, 04 August 2018 10:03 font size decrease font size decrease font size increase font size increase font size

ဖယ်ခုံ ဩဂုတ် ၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ် မိုးဗြဲစံပြကျေးရွာ တောင်သူဦးမောင်ဘူး၏ လယ်မြေ၌ ယနေ့ နံနက် ၉ နာရီတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ အသုံးပြု၍ စိုက်ပျိုးခြင်း ကွင်းလက်တွေ့သရုပ်ပြပွဲကျင်းပသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်အေးမောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်တို့က အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဒေါ်သင်းသင်းထက်က တိုက်ရိုက်မျိုးစေ့ချ ကိရိယာစိုက်ပျိုးနည်းစနစ်၏ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းဖြင့် မျိုးစေ့ချညီညာ၍ ကောက်ကွက်ပြည့်မီခြင်း၊ မြေနေရာမရွေး စိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင်၊ ပျိုးနုတ်၊ ကောက်စိုက်လုပ်ငန်းများ အတွက် ကုန်ကျစရိတ်သက်သာခြင်း၊ အတန်းလိုက် တိုက်ရိုက်အစေ့ချ၊ စိုက်ပျိုးခြင်း ဖြစ်သောကြောင့် ပေါင်းလိုက်ကိရိယာသုံး၍ ပေါင်းနှိမ်နင်းနိုင်ခြင်း၊ တမန်းနှိုးလွယ်ကူခြင်း၊ ကောက်ပင်အနာ သက်သာသဖြင့် အပင်တိုင်း အနှံအပြည့် ပါဝင်ခြင်းကြောင့် အထွက်နှုန်း ပိုမိုရရှိခြင်း၊ မိသားစုလုပ်အားဖြင့် အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခြင်း၊ တစ်ဧက ကုန်ကျစရိတ် လျော့နည်းသွားသဖြင့် တောင်သူများ ဝင်ငွေတိုးပွားလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်အေးမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်သင်းသင်းထက်နှင့် ဝန်ထမ်းများ၊ တောင်သူလယ်သမားများ တက်ရောက်ကြကြောင်း သိရသည်။

Read 200 times Last modified on Saturday, 04 August 2018 10:05