SJ WorldNews - шаблон joomla Авто

ဆွာချောင်းရေလှောင် တမံအတွင်း ရေဝင်ရောက်မှုများသဖြင့် ဆွာချောင်းသို့ နေ့စဉ် ရေလွှတ်ပေးနေရ

Sunday, 03 September 2017 10:57 font size decrease font size decrease font size increase font size increase font size

ရေတာရှည် စက်တင်ဘာ  

ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ်ရှိ ဆွာချောင်း ရေလှောင်တမံအတွင်း ချောင်းဖျား သစ်တောကြိုးဝိုင်း ဒေသများ၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုပမာဏ မြင့်တက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း  အထိ ရေပိုလွှဲမှ ၁ ဒသမ ၉ ပေခန့် ရေကျော် လျက်ရှိသဖြင့် ရေဝင်ရောက်မှု  Level ညီမျှစေရန် ဆွာချောင်း အတွင်းသို့ နေ့စဉ် ဧကပေ ၁၁ဝဝ ရှိရေများ ထုတ်လွှတ် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေထုတ်လွှတ်ပေးမှုကြောင့် ဆွာချောင်းနံဘေးတစ်လျှောက် ကျေးရွာများ၌ နေထိုင်ကြသော ဒေသခံများ အနေဖြင့် စိုးရိမ်ပူပန်မှု မရှိစေလိုကြောင်း  တောင်ငူခရိုင်  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့် ခွဲရေး ဦး စီးဌာန လက်ထောက်ညွှန်ကြားရေး မှူး ဦးမြင့်ရှိန်ကပြောသည်။

''ကျွန်တော်တို့က နွေစပါးပြီးကတည်းက ရေကိုပုံမှန်လျှော့လာတာ ဆည်ရဲ့ကန်ရေသို လှောင်နိုင်မှုပမာဏက ၂၁၆၃၅ဝ ရှိတယ်။ အဲ့ဒီထက်ပိုလာရင် ရေပိုလွှဲကကျော်မယ်။ ဒီဘက်ကလည်း ဆွာချောင်းထဲကို ပြန်ထည့် တယ်။ ချောင်းရေကတော့ နေ့စဉ်များသလိုရှိ နေပေမယ့်ဒေသခံတွေ စိုးရိမ်စရာမရှိပါဘူး'' ဟု မြို့နယ် ဆည်မြောင်း ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းနေအောင်က ပြောသည်။     

Read 315 times Last modified on Sunday, 03 September 2017 10:58