SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ငလျင်ဘေးအန္တရာယ် အသိပညာပေး နည်းပြသင်တန်း ဖွင့်လှစ်သင်ကြား

Saturday, 04 August 2018 10:24 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား ဩဂုတ် ၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ HOTEL MADIRA ၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကချင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ငလျင်ဘေးအန္တရာယ် အသိပညာပေး ဆောင်ရွက်သူများ အတွက် နည်းပြသင်တန်းဖွင့်လှစ်သင် ကြားပေးလျက်ရှိသည်။ သင်တန်းတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းကို ဩဂုတ် ၃ ရက်မှ ၅ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူ၊ ပူတာအိုနှင့် မချမ်းဘောမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ပြည်နယ်အတွင်းရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒုတိယဦးစီးမှူးများ၊ အကြီးတန်း၊ အငယ်တန်းစာရေးများ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၂၉ ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

Read 170 times Last modified on Saturday, 04 August 2018 10:32