SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

လူထုဗဟိုပြု စီမံကိန်း ပြည်ထောင်စုအဆင့် လူထုစည်းရုံးရေးမှူးများ ဖိုရမ်ကျင်းပ

Saturday, 04 August 2018 10:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ပြည်ထောင်စုအဆင့် လူထုစည်းရုံးရေးမှူးများဖိုရမ်ကို နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ် မြန်မာနိုင်ငံအင်ဂျင် နီယာများအသင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပကြောင်းသိရသည်။ ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော မြို့နယ် ၁၇ မြို့နယ်မှ လူထု စည်းရုံးရေးမှူး ၂၀၅ ဦးက စီမံကိန်းအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အဆင့်များကို အဖွဲ့လိုက်ဆွေးနွေးကြသည်။ လူထုဗဟိုပြု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြေပြင်တွင် ကွင်းဆင်းလုပ်ဆောင်နေသော လူထုစည်းရုံးရေးမှူးများ၊ လက်ထောက် နည်းပညာမှူးများ၏ အခက်အခဲများ၊ မြေပြင်တွင်ရှိသော ပကတိ အခြေအနေများကို သိရှိနိုင်ရန်ရည်ရွယ်၍ အဆိုပါဖိုရမ်ကို ကျင်းပခြင်းဖြစ်သည်။ ယင်းဖိုရမ်သို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ မြို့နယ် ၁၇ မြို့နယ်မှ လူထုစည်းရုံးရေးမှူး ၂၀၅ ဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Read 216 times Last modified on Saturday, 04 August 2018 10:31