SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မိတ္ထီလာမြို့နယ် ညောင်ကန်ကျေးရွာ၌ ကောက်စိုက်စက်ဖြင့် မိုးစပါးဧက ၇၀ စတင်စိုက်ပျိုး

Saturday, 04 August 2018 10:32 font size decrease font size decrease font size increase font size increase font size

မိတ္ထီလာ ဩဂုတ် ၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ညောင်ကန်ကျေးရွာ၌ ကောက်စိုက်စက်ဖြင့် မိုးရာသီစပါးဧက ၇၀ ခန့်ကို စတင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မိတ္ထီလာမှာစပါးကို ကောက်စိုက်စက်နဲ့ ပထမဆုံးစတင် စိုက်ပျိုးတာဖြစ်ပါတယ်။ ကောက်စိုက်စက်နဲ့ စိုက်ပျိုးတာကြောင့် ပျိုးနုတ်စရိတ်တွေနဲ့ ကောက်စိုက်သမ ငှားရမ်းစရိတ်တွေ ထက်ဝက်ခန့်ကို စပါးစိုက်တောင်သူ အနေနဲ့ စိုက်ပျိုးစရိတ်ကုန်ကျမှုသက်သာ သွားမှာဖြစ်ပါတယ်။ ကောက်စိုက်စက်က ဒေသခံတောင်သူ တစ်ဦးပိုင်တဲ့စက်ပါပဲ။ သူကစပါးတစ်ဧကကို ငွေကျပ် ၄၅၀ဝ၀ နဲ့စိုက်ပျိုးပေးတာဖြစ်ပါတယ်။ ညောင်ကန်ကျေးရွာ ဒေသခံတွေရဲ့ မိုးရာသီစပါး ဧက ၇၀ ခန့်ကို ကောက်စိုက်စက်နဲ့စိုက်ပျိုးပေးမှာ ဖြစ်ပါတယ်။ အဲဒီလိုစိုက်ပျိုးရာမှာ စပါးစိုက်ကွင်း တွေအတွက် လိုအပ်တဲ့နည်းပညာအကြံ ဥာဏ်တွေနဲ့ မျိုးစပါးဝယ်ယူရရှိရေးတို့ကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေနဲ့ ကူညီဆောင်ရွက်ပေးနေပါတယ် ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယဦးစီးမှူးဦးမျိုးငြိမ်းဇော်ကပြောသည်။ ယခင်က သမားရိုးကျမိရိုးဖလာ ကောက်စိုက်သမဖြင့် အငှားစိုက်ပျိုးခဲ့စဉ် စပါးတစ်ဧကအတွက် ပျိုးနုတ်ခငွေကျပ် ၆၀ဝ၀ဝ ကျော်၊ ကောက်စိုက်ခငွေကျပ် ၅၀ဝ၀ဝ ကုန်ကျကြောင်း၊ ယခုအခါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသည့်အတွက် ကုန်ကျစရိတ်ထက်ဝက်ခန့် သက်သာကြောင်း တောင်သူများထံမှ သိရသည်။ စပါးစိုက်ပျိုးရာတွင် မိရိုးဖလာ ကောက်စိုက်သမဖြင့် စိုက်ပျိုးပါက စပါးအထွက်နှုန်း ကောင်းမွန်စေရန် စံစိုက်စနစ်အဖြစ် သတ်မှတ်ထားသည့် စိုက်ကွက်တစ်ကွက်နှင့် တစ်ကွက်အကြား ခြောက်လက်မမှ ရှစ်လက်မအကြား ခြား၍စိုက်ပျိုးနိုင်သော်လည်း ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပါက ၁၁ လက်မခန့်ခြားကာ စိုက်ပျိုးသောကြောင့် စိုက်ကွက်အနည်းငယ် ကွာခြားကြောင်း သတင်းရရှိသည်။

Read 118 times Last modified on Saturday, 04 August 2018 10:32