SJ WorldNews - шаблон joomla Авто

ကျိုင်းတုံမြို့၌ တရားမဝင် တင်သွင်းလာသော ဝက်ခေါက်ပိဿာ ၆ဝဝ ကျော်မီးရှို့ဖျက်ဆီး

Sunday, 03 September 2017 11:00 font size decrease font size decrease font size increase font size increase font size

ကျိုင်းတုံ  စက်တင်ဘာ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မီးရထားဘူတာရုံဝင်းအတွင်း၌  ယမန်နေ့ မွန်းလွဲ ၂ နာရီက တရားမဝင် တင်သွင်းလာ သော ဝက်ခေါက်အချိန်ပိဿာ ၆ဝဝ ကျော်ကို စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က မီးရှို့ဖျက်ဆီးကြောင်း သိရသည်။

အဆိုပါဝက်ခေါက်များကို ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့်ပူးပေါင်းအဖွဲ့များက ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက် လောက်ဝိုးရပ်တွင် တင်သွင်းခွင့် ထောက်ခံချက် မရှိဘဲ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ်ဝက်ခေါက်စုစုပေါင်းအလေးချိန် ၆၆၄ ဒသမ ၂ဝ ပိဿာ တန်ဖိုးငွေကျပ် ၅၃ သိန်းကျော်ကို သြဂုတ် ၃၁ ရက်က သိမ်းဆည်းရမိခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့တို့၏ ညွှန်ကြားချက်အရ ဈေးကွက်များတွင် ကျန်းမာရေး နှင့်ညီညွတ်သော၊ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များအား ပြည်သူများယုံကြည် စိတ်ချစွာ အသုံးပြုနိုင်ရေးအတွက် ဥပဒေများနှင့် ညီညွတ်မှု မရှိသော စားသောက်ကုန် များကို ပိုင်ရှင်များက မိမိအစီ အစဉ်ဖြင့် သြဂုတ် ၁ ရက်မှစ၍ ရက်ပေါင်း ၉ဝ အတွင်းဖယ်ရှား ရှင်းလင်းရန်နှင့် စည်းကမ်း လိုက်နာခြင်းမရှိ သည့် ကုန်ပစ္စည်းများကို ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။              

 

Read 326 times Last modified on Sunday, 03 September 2017 13:00