SJ WorldNews - шаблон joomla Авто

ပျက်စီးနေသော ကျေးရွာချင်း ဆက်လမ်း ပြုပြင်ပေးစေလို

Sunday, 03 September 2017 11:14 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ကျောက်ချောင်း ကျေးရွာအုပ်စု ခမောက်မော်ကျေးရွာနှင့် ကံချိုင် ကျေးရွာ အုပ်စုသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းမှာ ယခုအခါချိုင့်ခွက်များဖြစ်ပေါ်နေပြီး ရေများဝင်ရောက်၍  လမ်းပျက်စီးနေပါသည်။

ထိုသို့လမ်းပျက်စီးခြင်းကြောင့် အဆိုပါ လမ်းပေါ်မှ ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ နှင့်ခရီး သွားပြည်သူများမှာ ချိုင့်ခွက်များကိုရှောင်တိမ်း မောင်းနှင် သွားလာနေရသဖြင့် ယာဉ်အန္တ ရာယ် ဖြစ်ပေါ်မည်ကိုစိုးရိမ်နေရသည်။

¤င်းအပြင် ယင်းလမ်းမှာ မြတ်မော်တင် စေတီတော်မှ သင်္ဘောဆိပ်ရှိရာ ကျောက်ချောင်းကျေးရွာသို့ သွားလာနိုင်သည့် တစ်ခု တည်းသော လမ်းလည်းဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အဆိုပါကျေးရွာချင်းဆက် လမ်းပျက်စီးနေမှုကို အမြန်ဆုံးပြုပြင်ပေးပါ ရန် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ မြဝတီသတင်းစာ၏  ပွင့်လင်းမြင်သာပြုပြင်စရာ ကဏ္ဍမှတစ်ဆင့်   အသိပေးတင်ပြအပ်ပါသည်။                 

ဒေသခံပြည်သူများ

Read 283 times Last modified on Sunday, 03 September 2017 11:16