SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သရုပ်ပြလက်ကမ်း စာစောင်များဝေငှ

Sunday, 03 September 2017 12:14 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ 

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ဒဂုံ (မြောက်ပိုင်း) မြို့နယ် အမှတ် (၃၆) ရပ်ကွက်  ပင်လုံလမ်းမကြီးပေါ်၌ ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါ ဌာနပိုင်ယာဉ်ဖြင့် သရုပ်ပြလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့လက်ကမ်းစာစောင်များဝေငှ ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဒေါ်သန်းသန်းဝင်း၊ ဌာနစုမှူးဦးမြင့်စိုး၊ လက်ထောက် အင်ဂျင်နီယာ ဒေါ်လဲ့လဲ့ကြည်၊လက်ထောက် အင်ဂျင်နီယာ ဦးဟန်ဝင်းအောင်၊  မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ  လက်ထောက် အုပ်ချုပ်ရေးမှူး  ဦးနိုင်လင်းဦး၊  ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ကြီးကြပ်ရေးမှူး ဦးဇေယျာဖြိုး ဟန်နှင့် စည်ပင် သာယာ ဝန်ထမ်းများ၊  အမှတ် (၃၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်အောင် နှင့်အဖွဲ့ဝင် များသည် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနနှင့် ပူးပေါင်း သရုပ်ပြ ဆောင်ရွက်မှုများအား လမ်းသွားလမ်းလာ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်  အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းဖြင့် ''သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပ၊ စိမ်းလန်းသော ရန်ကုန်မြို့တော် ကြီးကို တည် ဆောက်ကြ ပါစို့''  ဟူသော လက်ကမ်း စာစောင်များဝေငှ ပေးခဲ့ကြောင်း သိရသည်။

Read 295 times Last modified on Sunday, 03 September 2017 12:15