SJ WorldNews - шаблон joomla Авто

မလေးရှားနိုင်ငံသို့ မသွားဖြစ်သည့် အလုပ်သမားများအစား အလုပ်ခေါ်စာအသစ်နှင့် အစားထိုးနိုင်ရန် ပြန်လည်တင်ပြမည်

Sunday, 03 September 2017 12:15 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ 

မလေးရှားနိုင်ငံသို့  စေလွှတ်ခွင့်ပြုပြီး မသွားဖြစ်သည့် အလုပ်သမားများအစား အလုပ်ခေါ်စာ အသစ်နှင့်  အလုပ်သမား အစားထိုး စေလွှတ်နိုင်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာနသို့  အသနားခံစာ ပေးပို့မည်ဖြစ်ကြောင်း  မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး    ဦးကျော်ထင်ကျော်ထံမှ  သိရသည်။

မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု နှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ   သြဂုတ် ၁ ရက်က   မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်နှင့် ပြည်ပအလုပ်အကိုင် လိုင်စင်ရ  အေဂျင်စီများသို့ အကြောင်းကြားစာ ပေးပို့ခဲ့ရာ ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၂၁ ရက်အထိ မလေးရှား နိုင်ငံသို့  ပညာရေး၊  ကျန်းမာရေးကဏ္ဍ နှင့် လူ့စွမ်းအားအရင်းအမြစ်များအတွက် စေလွှတ်ခွင့်ပြုထားသည့်  အလုပ်သမား အရေ အတွက်အတိုင်း စေလွှတ်ပြီးမှ    အလုပ် ခေါ်စာအသစ်များကို      လက်ခံရမည်ဟု ပါရှိသည့်အတွက်    ပြည်ပအလုပ်အကိုင် လိုင်စင်ရ အေဂျင်စီများ အခက်အခဲဖြစ်နေကြောင်း သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ   ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလက မလေးရှားနိုင်ငံသို့  အလုပ်သမားစေလွှတ်မှု ရပ်ဆိုင်းထားခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဇွန် ၂၈ ရက်တွင် မလေးရှားနိုင်ငံသို့   အလုပ်သမားများ ပြန်လည်စေလွှတ်ရန် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်နှင့် ပြည်ပအလုပ် အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ များထံ အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                         

 နေနေ

Read 344 times Last modified on Sunday, 03 September 2017 12:16