SJ WorldNews - шаблон joomla Авто

တောင်ကြီးမြို့၌ မီးပုံးပျံတွင်အသုံးပြုသည့် ယမ်းမီးစအား ကတ်ကြေးဖြင့် ဖြတ်ရာမှ မီးလောင်မှုဖြစ်ပွား

Sunday, 03 September 2017 15:34 font size decrease font size decrease font size increase font size increase font size

တောင်ကြီး စက်တင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကန်အောက်ရပ်ကွက် နှင်းဆီလမ်း အမှတ်(၁၂၈)၌ ယနေ့မွန်းလွဲ ၁ နာရီတွင် မီးပုံးပျံ၌ အသုံးပြုသည့် ယမ်းမီးစအား ကတ်ကြေးဖြင့် ဖြတ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

 

ဖြစ်စဉ်မှာ တောင်ကြီးမြို့ ကန်အောက်ရပ်ကွက် နှင်းဆီလမ်း အမှတ်(၁၂၈)ရှိ အိမ်ရှင်ဦးမောင်မောင်သန့်(ခ) သားကြီး ၄၉ နှစ် (ဘ)ဦးထွန်းလှ၏ နေအိမ်တွင် ဦးမောင်မောင်သန့်(ခ) သားကြီးနှင့် မီးဆရာ ဦးငဲငယ်(ခ)ဦးမင်းသက်နိုင် (ကိုယ်ရေးစိစစ်ဆဲ) တို့သည် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အတွက် မီးပုံးပျံပြုလုပ်နေစဉ် မီးပုံး အတွက် စနက်တံယမ်းစပ်ပြီး ဦးမောင်မောင်သန့်သည် စနက်တံကိုကတ်ကြေးဖြင့်ဖြတ်ခဲ့ရာမှ မီးပွင့်ပေါက်ကွဲ ကာ မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် ၁ဝ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်၍ မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အလျားပေ ၃ဝ၊ အနံ ၂၅ ပေရှိ အုတ်ကာ၊ ပျဉ်ခင်း၊ပျဉ်ကာ၊ သွပ်မိုး နေအိမ် တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးငွေကျပ်မှာ ၂၈ သိန်းခန့်ဖြစ်သည်။

 

မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ် ဝင်ရောက်မီးငြိမ်းသတ်ရာမှ ယမ်းများပေါက်ကွဲပြီး မီးကူးစက် လောင်ကျွမ်းမှုကြောင့် ကိုရဲထွန်းမျိုး၂၅ နှစ် (ဘ)ဦးဟန်စိုး တောင်ကြီးမြို့နေသူတွင် ဝဲ/ယာ ခြေမျက်စိအထက် မီးလောင်ဒဏ်ရာ၊ ဝဲဘက်ပေါင် မီးလောင်ဒဏ်ရာ၊ ယာခြေဖဝါး မီးလောင်ဒဏ်ရာနှင့် ကိုဇင်မင်းထွန်း၂၇ နှစ် (ဘ)ဦးမြင့်ငြိမ်း တောင်ကြီးမြို့နေထိုင်သူတွင် ယာလက်ကောက်ဝတ်/တံတောင်ဆစ်မီးလောင်ဒဏ်ရာ၊ ဝဲ/ယာ ခြေသလုံးနှင့် ခြေဖဝါးတို့တွင် မီးလောင်ဒဏ်ရာများရရှိကာ တောင်ကြီး စဝ်စံထွန်း ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမောင်မောင်သန့်(ခ)သားကြီးအား တောင်ကြီးမြို့မရဲစခန်းက အမှုဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

 

Read 356 times Last modified on Sunday, 03 September 2017 15:55