SJ WorldNews - шаблон joomla Авто

တန်ဖိုးနည်း အိမ်ရာ တိုက်ခန်းများ မဲနှိုက်

Sunday, 03 September 2017 16:47 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ပြီးစီးသွားပြီဖြစ်သည့် ယုဇနတန်ဖိုးနည်း အိမ်ရာစီမံ ကိန်း အပိုင်း(၁)၊(၂)နှင့် ကနောင်တန်ဖိုးနည်းအိမ်ရာတို့ရှိ တိုက်ခန်းများကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း တို့တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ  မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၌  မဲနှိုက် ရောင်းချပေး ကြောင်း သိရသည်။

မဲနှိုက်ရောင်းချမှု  ပထမအသုတ်အဖြစ် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ယုဇန တန်ဖိုးနည်း အိမ်ရာ နှင့် ကနောင်တန်ဖိုးနည်းအိမ်ရာ အတွက်လည်းကောင်း၊ စက်တင်ဘာ    ရက်တွင် ရွှေလင်ပန်းတန်ဖိုးနည်း အိမ်ရာအတွက် လည်းကောင်း ဆက် လက် မဲနှိုက်နေရာချထားပေးမည်ဖြစ်သည်။ ယင်းတန်ဖိုးနည်း အိမ်ရာများ သည် အကျယ်အဝန်းအားဖြင့်  ၁၈ ပေ x ၂၆ ပေ ခြောက်ခန်းတွဲလေးထပ်၊ ၂၂ ပေပတ်လည် ရှစ်ခန်းတွဲ လေးထပ်တို့ဖြစ်ကြပြီး  တိုက်ခန်းတန်ဖိုးအနေဖြင့်  အနိမ့်ဆုံးငွေကျပ်  ၉၈ သိန်းမှ  အမြင့်ဆုံး ငွေကျပ် ၁၂၅ သိန်းအထိရှိကြောင်း သိရသည်။

'ပထမအကြိမ်တန်ဖိုးနည်းအိမ်ရာတွေ ကို  မဲနှိုက်ပြီး  CHD Bank ချေးငွေနဲ့ ရောင်းချပေးခဲ့ရာမှာ အိမ်ခန်းအရေ အတွက် ၄၇၈ ခန်းသာ ရောင်းချပေးနိုင်ခဲ့လို့ ကျန်ရှိတဲ့ ၉၅ ဦးနဲ့ အခု ဒုတိယအကြိမ် မဲနှိုက်ရောင်းချရာမှာ  Down Payment ၃ဝ ရာခိုင်နှုန်း ပြည့်မီသူတွေအနက် ၃၉၁ ဦး စုစုပေါင်း ၄၈၆ ခန်းကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ''ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်လွင် ကပြော သည်။

အဆိုပါ တိုက်ခန်းများ၏ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ လမ်းများ ကောင်းမွန်ရေး နှင့် တန်ဖိုးနည်းအိမ်ရာ ဆိုသော်လည်း အဆင့်အတန်းမီသည့် အိမ်ရာများဖြစ်စေရန် ကလေးကစားကွင်း၊ ပန်းခြံ၊ ဓမ္မာရုံ၊စာသင်ကျောင်း၊ ဈေးနှင့် City Mart  အရောင်းဆိုင်များ  ထည့်သွင်းထားသည်။ ဝယ်ယူခွင့် ရရှိသူ များသည် CHD Bank က တိုက်ခန်းတန်ဖိုး၏ ၇ဝ ရာခိုင်နှုန်းဘဏ်ချေးငွေ Housing Mortgage ပေးထားပြီး CHD Bank ချေးငွေကို ၁ဝ နှစ်ကာလ လစဉ်အရစ်ကျ  ပြန်ဆပ်ခြင်း အစီ အစဉ်ဖြင့် အခက်အခဲ မရှိစေရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 

 

Read 526 times Last modified on Sunday, 03 September 2017 17:03