SJ WorldNews - шаблон joomla Авто

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်မှု အခမ်းအနား ကျင်းပ

Saturday, 11 August 2018 08:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  ၁ဝ

သတင်းထုတ်ပြန်ခြင်း(၇/၂ဝ၁၈)အခမ်း အနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇) နေပြည်တော်၌ ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပရာ အခမ်းအနား၌ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ အထက်ရဲရွာရေအားလျှပ်စစ်စီမံ ကိန်း၏ စီမံကိန်းပတ်ဝန်းကျင်ကျေးရွာလေး ရွာတို့အား စီမံကိန်းမှတစ်ဆင့် လျှပ်စစ်ဓာတ် အားပို့လွှတ်ဖြန့်ဖြူးနေသည့် အခြေအနေ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်များအတွင်း ဓာတ်အား ခွဲရုံများတွင်  ထရန်စဖော်မာများ အင်အားတိုးမြှင့် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လူမှုကွန်ရက် စာမျက်နှာတွင်  ဖော်ပြ ပါရှိနေသည့် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီး သံဇစ်မြစ်ရေနောက်ကျိအရောင် ပြောင်းနေသည့်ကိစ္စ ရှင်းလင်း တင်ပြမှု အခြေအနေ၊  တရားမဝင် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ စုံစမ်း တင်ပြခြင်းနှင့် အရေးယူဆောင်ရွက် ထားမှုအခြေအနေ၊ ဓာတ်အားပြတ်တောက် မှုလျော့နည်းစေရေး လျှပ်စစ် အန္တရာယ် ကင်းရှင်းရေးအတွက် ရန်ကုန် လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းမှ  ကြိုးပမ်းဆောင် ရွက်မှု အခြေအနေ၊ ပြင်ဦးလွင် ခရိုင်အတွင်း တကောင်းဒေသသို့ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန်နှင့်  ခွဲရုံများ တည်ဆောက်ခြင်း အခြေအနေများနှင့်စပ် လျဉ်း၍ သတင်းထုတ်ပြန်သည်။

အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်း ထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်   သတင်းမီဒီယာ သမားများ တက်ရောက်ခဲ့ကြောင်း  သတင်း ရရှိသည်။

 

Read 180 times Last modified on Saturday, 11 August 2018 08:55