SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၀ဝ လွှဲပြောင်းပေးအပ်

Monday, 13 August 2018 09:49 font size decrease font size decrease font size increase font size increase font size

ရေတာရှည် ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာသုံးရွာအတွက် ယမန်နေ့က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ တစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း ၁၀ဝ စီ လွှဲပြောင်းပေးအပ်သည်။ အဆိုပါပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးရန်နိုင်ညွန့်က ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ငါးကြီးကွေ့ ကျေးရွာအုပ်စု ထောက်ကြန့်ကွင်းကျေးရွာ၊ ကက္ကူအုပ်စု ကက္ကူကျေးရွာ၊ ဘုရားကုန်း(မြို့လှ)အုပ်စု သဲကောကျေးရွာ သုံးရွာတို့အတွက် ငွေကျပ်သိန်း ၁၀ဝ စီ လွှဲပြောင်း ပေးအပ်နိုင်သောကြောင့် ကျေးလက်ဒေသများတွင် မိုးရာသီကာလ ပျက်စီးသွားသည့် လမ်းများကို ပြန်လည်ပြုပြင်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။ ပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာသုံးရွာမှ ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

Read 154 times Last modified on Monday, 13 August 2018 09:50