SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကျွန်းစုမြို့နယ်၌ NEP ဆိုလာမီးလင်းရေး လုပ်ငန်းပြီးစီးမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး

Monday, 13 August 2018 09:50 font size decrease font size decrease font size increase font size increase font size

ကျွန်းစု ဩဂုတ် ၁၂

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော NEP အိမ်သုံးဆိုလာ မီးလင်းရေး လုပ်ငန်းပြီးစီးမှု အခြေအနေများကို ယနေ့နံနက် ၈ နာရီတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျွန်းစုမြို့နယ် စာရင်းစစ်ရုံးမှ စာရင်းစစ်အရာရှိ ဒေါ်သန်းနုနှင့် အဖွဲ့ဝင်များ၊ ကျွန်းစုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခေတ္တဦးစီးမှူး ဒေါ်ကေသီဟန်နှင့် အဖွဲ့ဝင်များ၊ ICTS Myanmar Co.,Ltd. မှ တာဝန်ခံ ဦးဖြူချေနှင့် တာဝန်ရှိသူများက ကျွန်းစုမြို့နယ်ရှိ ပရည်ကျွန်းကျေးရွာ၊ ဘင်းချောင်းကျေးရွာနှင့် တီးပူကျေးရွာတို့တွင် တစ်အိမ်သုံးဆိုလာ တပ်ဆင်ပေးထားသော နေအိမ်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မေးမြန်းကာ ဆိုလာအသုံးပြုပုံများကို ရှင်းလင်းပြောကြားသည်။ အဆိုပါ ကျေးရွာများတွင် ကျေးရွာမီးလင်းရေးအတွက် NEP ဆိုလာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးရွာပြည်သူများက 30W၊ 45W၊ 60W တစ်အိမ်သုံးဆိုလာ စနစ်သုံးမျိုးကို ငွေကြေးအချိုးကျ ထည့်ဝင်ရသည်။ သတ်မှတ်ချက်နှင့်အညီ တစ်အိမ်သုံးဆိုလာ တပ်ဆင်ပေးရာ ပရည်ကျွန်းကျေးရွာတွင် တစ်အိမ်သုံးဆိုလာ ၁၆၃ စုံ၊ ကျေးရွာအတွင်းရှိ ပညာရေးအတွက် တစ်စုံ၊ ဘာသာရေးအတွက် တစ်စုံ၊ ဆေးပေးခန်းအတွက် တစ်စုံ၊ လမ်းမီးတိုင် ငါးတိုင်၊ တီးပူကျေးရွာတွင် တစ်အိမ်သုံး ဆိုလာ ၁၁၆ စုံ၊ ကျေးရွာအတွင်းရှိ ပညာရေးအတွက် တစ်စုံ၊ ဘာသာရေးအတွက် သုံးစုံ၊ ဆေးပေးခန်းအတွက် တစ်စုံ၊ လမ်းမီးတိုင် ငါးတိုင်နှင့် ဘင်းချောင်းကျေးရွာတွင် တစ်အိမ်သုံးဆိုလာ ၂၀၃ စုံ၊ ကျေးရွာအတွင်းရှိ ပညာရေးအတွက် တစ်စုံ၊ ဘာသာရေးအတွက် သုံးစုံ၊ ဆေးပေးခန်းအတွက် တစ်စုံ၊ လမ်းမီးတိုင် ငါးတိုင်တို့ကို အခမဲ့ တပ်ဆင်ပေးခဲ့သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ကျွန်းစုမြို့နယ်၌ NEP တစ်အိမ်သုံးဆိုလာ တပ်ဆင် ပေးထားသော ကျေးရွာပေါင်း ၃၂ ရွာရှိပြီး စုစုပေါင်း အိမ်သုံးဆိုလာ ၂၇၁၁ စုံ တပ်ဆင်ပေးခဲ့သည်။ ထို့ပြင် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ကျန်းမာရေး ဆေးပေးခန်းတို့တွင် အများပြည်သူသုံး ဆိုလာစနစ်ကို အခမဲ့ တပ်ဆင်ပေးပြီး ကျေးရွာတစ်ရွာလျှင် ဆိုလာစနစ် လမ်းမီးတိုင် ငါးတိုင်ကိုလည်း အခမဲ့ တပ်ဆင်ပေးကြောင်း သိရသည်။

Read 135 times Last modified on Monday, 13 August 2018 09:50