ယခုတစ်ပတ်တွင် ငါးကြိုက်နှစ်သက်သူများ အတွက် ငါးဟော့ပေါ့ကို သွားရောက် မြည်းစမ်းနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ပြည်လမ်းရှိ အမှတ်(၂) ရန်ကုန်ဟိုတယ် အနီး၌ ဖွင့်လှစ်ထားသော FISHERMAN'S WHARF ဆိုင်ကို လမ်းညွှန်မိတ်ဆက် ပေးလိုက်ပါသည်။ အဆိုပါဆိုင်ကို နေ့စဉ် နံနက် ၁၀ နာရီမှ ည ၁၁ နာရီအထိ ဖွင့်လှစ်ရောင်းချလျက် ရှိသည်။ ယင်းဆိုင်တွင် ငါးကို နိုင်ငံအများစု၌ ရောင်းချနေသော ပုံစံဖြစ်သည့် ဟင်းသီးဟင်းရွက် အစုံနှင့် ရောချက်ထားသော ငါးဟော့ပေါ့ ရောင်းချခြင်းဖြစ်သည်။ ထို့ပြင် ဟော့ပေါ့နှင့် တွဲဖက်စားသုံးနိုင်ရန် ကြက်၊ ဝက်၊ ပင်လယ်စာ အစုံနှင့် တခြားဟင်းသီးဟင်းရွက် အစုံကို မိမိစိတ်တိုင်းကျထည့်၍ စားသုံးရခြင်းဖြစ်သည်။ ယင်းငါးဟော့ပေါ့၏ အရသာမှာ ချဉ်ဖြုံးဖြုံး အရသာဖြစ်ပြီး ငါးကို အဓိကထားပြီး ချက်ထားခြင်းဖြစ်သည်။ ငါးဟော့ပေါ့ တစ်ပွဲကို လူသုံးဦးအထိ စားသုံးနိုင်ပြီး ဈေးနှုန်းအနေဖြင့် အနိမ့်ဆုံး ငွေကျပ်တစ်သောင်းမှ အမြင့်ဆုံး ငွေကျပ်လေးသောင်းအထိရှိသည်။ ငါးဟော့ပေါ့သည် ကမ္ဘာတစ်ဝန်း၌ ကျော်ကြားနေသော အစားအစာဖြစ်၍ သွားရောက် မြည်းစမ်း စားသောက်နိုင်ရန် လမ်းညွှန်ရေးသား လိုက်ရပါသည်။