SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဓနုဖြူမြို့နယ်၌ စပါးခင်းအတွင်း ငါးသားပေါက်များ စိုက်ထည့်

Monday, 13 August 2018 09:52 font size decrease font size decrease font size increase font size increase font size

ဓနုဖြူ ဩဂုတ် ၁၂

ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူမြို့နယ် နန်းတော်ကုန်း ကျေးရွာအုပ်စု နန်းတော်ကုန်း ကျေးရွာ၌ ယနေ့ နံနက် ၉ နာရီတွင် စပါးခင်းအတွင်း ငါးသားပေါက်များ စိုက်ထည့်ပေးကြောင်း သိရသည်။ ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစန်းထွေး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တောင်သူကြီးများက တီလားဗီးယား ငါးအကောင် ၂၅၀ဝ၀၊ ငါးခုံးမကြီး အကောင်ရေ ၅၀ဝ၀ဝ စုစုပေါင်း ငါးအကောင်ရေ ၇၅၀ဝ၀ ကို စပါးခင်းအတွင်းသို့ စိုက်ထည့်ပေးကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ငါးသယံဇာတ ထိန်းသိမ်းရေး စာအုပ်များ ပေးအပ်သည်။ ဓနုဖြူမြို့နယ်၌ ငါးသယံဇာတများ တိုးပွားလာစေရေးနှင့် ငါးမျိုးစိတ်များ မျိုးတုံးပျောက်ကွယ်မှု မရှိစေရန် ငါးမျိုးစိုက်ထည့်ခြင်းကို နှစ်စဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Read 168 times Last modified on Monday, 13 August 2018 09:53