SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်

Monday, 13 August 2018 09:53 font size decrease font size decrease font size increase font size increase font size

မိုင်းရယ် ဩဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပထမအကြိမ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။ ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး မိုင်းရယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးသက်ဇော်ထွန်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမခြောက်လ ဘတ်ဂျက်၌ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ပထမအကြိမ် ရန်ပုံငွေ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက မိုင်းရယ်မြို့နယ် မန်ကွန်ကျေးရွာနှင့် မန်နောင်ကျေးရွာတို့အတွက် ဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ တစ်ရွာလျှင် ငွေကျပ်သိန်း ၅၀ နှုန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီများထံ လွှဲပြောင်းပေးအပ်သည်။ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးသက်ဇော်ထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

Read 188 times Last modified on Monday, 13 August 2018 09:53