SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေးထိုးနှံပေး

Monday, 13 August 2018 09:54 font size decrease font size decrease font size increase font size increase font size

လားရှိုး ဩဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၈ နာရီတွင် ကလေးငယ်များအား အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေး ဌာနမှ ဆရာမကြီး ဒေါ်တင်တင်မြင့် ဦးစီးသော ကျန်းမာရေး ဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ ငါးနှစ်ခွဲမှ ခုနစ်နှစ်အရွယ် ကလေးငယ်များ ဘီပိုးကာကွယ်ဆေးထိုးပေးခြင်း၊ အသက် ခြောက်လမှ သုံးနှစ်အရွယ် ကလေးငယ်များကိုလည်း အာဟာရမှုန့် ထုတ်များပေးခြင်း၊ ပေါင်ချိန်ပေးခြင်း၊ မျက်စိအားဆေး ခတ်ပေးခြင်းနှင့် သန်ချဆေး တိုက်ကျွေးခြင်းများ ပြုလုပ်ပေးကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက မိခင်များအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။

Read 244 times Last modified on Monday, 13 August 2018 09:54