SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

သမဝါယမအသင်း နှစ်ပတ်လည်စည်းဝေး

Monday, 13 August 2018 09:54 font size decrease font size decrease font size increase font size increase font size

လားရှိုး ဩဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် လားရှိုးမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း (လီမိတက်)၏ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပသည်။ ရှေးဦးစွာ ရှမ်းပြည်နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးအသင်း ဥက္ကဋ္ဌ ဦးစိုင်းကျော်ဝင်းက အမှာစကား ပြောကြားပြီး လားရှိုးမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမ အသင်း(လီမိတက်)၏ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ ဖတ်ကြားခြင်း၊ အသင်းသား စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာ ဖတ်ကြားခြင်း၊ အမြတ်ခွဲဝေ ပုံစာရင်းတို့ကို ဖတ်ကြား ရှင်းလင်းခြင်းနှင့် အသင်းသားများ၏ အကြံပြုလွှာများကို ပြန်လည်ဖြေကြားသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ ဆေးရုံကြီး၊ မြို့နယ်ပညာရေးမှူးရုံး၊ ဘာသာမရွေး နာရေးကူညီမှု အသင်းနှင့် ဆင်းရွှေလီ ဘိုးဘွားရိပ်သာတို့ အတွက် ငွေပဒေသာ ပင်ရန်ပုံငွေများကို တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ ရှမ်းပြည်နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး အသင်းဥက္ကဋ္ဌ ဦးစိုင်းကျော်ဝင်းနှင့် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမ အသင်းသား၊ အသင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

Read 269 times Last modified on Monday, 13 August 2018 09:55