SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

သက်ငယ်မုဒိမ်းမှု ပပျောက်ရေး အသိပညာပေး ဟောပြော

Monday, 13 August 2018 09:55 font size decrease font size decrease font size increase font size increase font size

မင်္ဂလာဒုံ ဩဂုတ် ၁၂

ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီတွင် ကျောင်းသား၊ ကျောင်းသူများ သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်ကာ သက်ငယ်မုဒိမ်းမှု ပပျောက်ရေး အသိပညာပေး ဟောပြောသည်။ ရှေးဦးစွာ မင်္ဂလာဒုံမြို့နယ်မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သော ဒေါ်အေးနွဲ့က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဒေါ်နော်လှလှစိုးက သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် အချက်၊ အသိပညာ ဗဟုသုတများကို ရှင်းလင်းဟောပြောသည်။ ထို့နောက် မင်္ဂလာဒုံမြို့နယ် ဒုတိယရဲတပ်ဖွဲ့မှူး ဒေါ်နန်းအေးမြက သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ ပြစ်မှုနှင့်ပြစ်ဒဏ်ကို အကျယ်တဝင့် ဆွေးနွေးဟောပြောပြီး အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အခမ်းအနားသို့ မင်္ဂလာဒုံမြို့နယ် ပညာရေးမှူး ဦးချိုစိန်ထွန်းနှင့်တကွ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သိရသည်။

Read 270 times Last modified on Monday, 13 August 2018 09:55