SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

Monday, 13 August 2018 09:55 font size decrease font size decrease font size increase font size increase font size

ဖယ်ခုံ ဩဂုတ် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်၊ ဖယ်ခုံမြို့နယ် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးစိုးတို့က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ရာ ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက်တွင် နန်းပေါ်လုံကျေးရွာ၊ နောင်လိုင်ကျေးရွာနှင့် ကောင်ဝှပ်ကျေးရွာတို့ အတွက် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေကျပ် ၁၀ သန်းစီကို တာဝန်ရှိသူများက ကျေးရွာကော်မတီများထံ လွှဲပြောင်းပေးအပ်သည်။ အဆိုပါ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေကျပ် ၁၀ သန်းစီရရှိသော လွယ်ပေါကျေးရွာအုပ်စု နန်းပေါ်လုံကျေးရွာ၌ ပြည်သူ ထည့်ဝင်ငွေကျပ် ၂ ဒသမ ၇၆၇ သန်းနှင့် စုစုပေါင်းငွေကျပ် ၁၂ ဒသမ ၇၆၇ သန်းဖြင့် ကျေးရွာခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ နောင်လိုင်ကျေးရွာ အုပ်စုနောင်လိုင်ကျေးရွာ၌ ပြည်သူထည့်ဝင်ငွေကျပ် ၂ ဒသမ ၁၄၈ သန်းနှင့် စုစုပေါင်းငွေကျပ်၁၂ ဒသမ ၁၄၈ သန်းဖြင့် ရွာတွင်း ကျောက်လမ်းခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ ခေါင်းအိကျေးရွာအုပ်စု ကောင်ဝှပ်ကျေးရွာ၌ ပြည်သူ ထည့်ဝင်ငွေကျပ် ၁ ဒသမ ဝ၈၉ သန်းနှင့် စုစုပေါင်းငွေကျပ် ၁၁ ဒသမ ဝ၈၉ သန်းဖြင့် ကျေးရွာမှ လယ်/ယာသွားမြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Read 213 times Last modified on Monday, 13 August 2018 09:55