SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

သက်ကြီးပူဇော် ကန်တော့ပွဲ အခမ်းအနားကျင်းပ

Monday, 13 August 2018 09:55 font size decrease font size decrease font size increase font size increase font size

မန္တလေး ဩဂုတ် ၁၂

တတိယအကြိမ်မြောက် အငြိမ့်လူရွှင်တော်ကြီးများနှင့် အငြိမ့်မင်းသမီးကြီးများ သက်ကြီး ပူဇော်ပွဲကို မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ် အေးငြိမ်းအောင်မြင် သိဒ္ဓိရှင် ဓမ္မာရုံ၌ ယမန်နေ့ နံနက် ၈ နာရီခွဲက ကျင်းပကြောင်း သိရသည်။ သက်ကြီး လူရွှင်တော်ကြီးများနှင့် အငြိမ့်မင်းသမီးကြီး များအား ပူဇော်ကန်တော့ရာ စာရေးဆရာ ဒါရိုက်တာ လူရွှင်တော် ဦးချစ်စရာ(မန္တလေး)၊ ဘိသိက်ဆရာ လူရွှင်တော်ဇာတိမာန် ဦးမောင်မော်နှင့် လူရွှင်တော်ကြီး ဦးထင်ပေါ်တို့က မုဒိတာဝမ်းသာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် လူရွှင်တော် ပရဟိတ အဖွဲ့မှ ပရဟိတ လူရွှင်တော် သီချင်းကို ဂုဏ်ပြုသီဆိုကြပြီး ဒို့ညီကိုချိုတူး အဖွဲ့သားများနှင့် လူရွှင်တော် ပရဟိတ အဖွဲ့သားများက သက်ကြီး လူရွှင်တော်ကြီးများနှင့် အငြိမ့်မင်းသမီးကြီး များအား အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။ အဆိုပါ ပူဇော်ပွဲသို့ အပူဇော်ခံသက်ကြီး လူရွှင်တော်ကြီးများနှင့် အငြိမ့်မင်းသမီးကြီးများ စုစုပေါင်း ၈၂ ဦး တက်ရောက်ပြီး ဒို့ညီကိုချိုတူး အဖွဲ့သားများ၊ လူရွှင်တော်ပရဟိတ အဖွဲ့သားများနှင့် အငြိမ့်ချစ်သူ ပရိသတ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

Read 307 times Last modified on Monday, 13 August 2018 09:56