SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နေပြည်တော် တိရစ္ဆာန်ဥယျာဉ်၌ ကမ္ဘာ့ဆင်များနေ့ ကျင်းပ

Monday, 13 August 2018 09:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၁၂

၂၀၁၈ ခုနှစ် ဩဂုတ် ၁၂ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆင်များနေ့ World Elephant Day အထိမ်းအမှတ် အခမ်းအနားကို တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)ရှိ ဆင်စခန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။ ရှေးဦးစွာ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) သို့ လာရောက်လေ့လာ လည်ပတ်သူများအား ဆင်စခန်းတွင် ဆင်လိမ္မာလေးများက ဆင်အကဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြပြီး ကမ္ဘာ့ဆင်များနေ့ အသိပညာပေး လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဆင်စခန်းပွဲကြည့်စင်၌ တာဝန်ရှိသူများက ကမ္ဘာ့ဆင်များနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်၊ ဆင်များ၏ ချစ်စရာပုံသဏ္ဌာန် အလေ့အထ နေထိုင်ပုံများ၊ ထူးခြားချက်များကို ရှင်းလင်းပြောကြားသည်။ ကမ္ဘာပေါ်တွင် အာရှဆင်နှင့် အာဖရိက ဆင်ဟူ၍ ဆင်နှစ်မျိုးနေထိုင် ကျက်စားလျက်ရှိပြီး အာရှဆင်များကို အာရှတိုက်ရှိ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတွင် တွေ့ရှိနိုင်သည်။ ဆင်များကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ တရိစ္ဆာန်များ ဌာန၏ လမ်းညွှန်မှုဖြင့် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)တွင် ဆင်စုစုပေါင်း ၁၈ ကောင် ပြသထားရှိသဖြင့် ပိတ်ရက်မရှိ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

Read 244 times Last modified on Monday, 13 August 2018 09:56