SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြန်မာမှု အုန်းခွက်ပန်းချီများကို အားထားရေးဆွဲလျက်ရှိ

Monday, 13 August 2018 09:56 font size decrease font size decrease font size increase font size increase font size

မန္တလေး ဩဂုတ် ၁၂

၂၀၁၈-၂၀၁၉ ခရီးသွား ရာသီအတွက် ဘူးသီးပန်းချီနှင့် အုန်းခွက်ပန်းချီများကို အားထား ရေးဆွဲလျက်ရှိရာ အများစုမှာ မြန်မာမှု မြန်မာ့ဟန် မြန်မာ့အလှရှုခင်းများ ပါဝင်ကြောင်း သိရသည်။ ပြည်တွင်းသို့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် အများဆုံး ဝင်ရောက်သည့် တွက် ခရီးသွားလ၊ ခရီးသွား ရာသီဟု သတ်မှတ်ထားပြီး ပန်းချီပညာရှင် အများစုမှာ နိုင်ငံခြားသား ဝယ်လက်ကို အားထားကြရသည်။ ရှားပါးအနုပညာ လက်ရာဖြစ်သော ပုလင်းပန်းချီ၊ ဘူးသီးပန်းချီ၊ မှန်ပန်းချီ၊ အုန်းခွက် ပန်းချီများကို နိုင်ငံတကာ ခရီးသွား ဧည့်သည်များ နှစ်စဉ်လာရောက် လေ့လာကာ ဝယ်ယူသူများပြားသည်။ ဘူးသီးပန်းချီ ဖန်တီးရေးဆွဲရန် ဘူးသီးခြောက် အရွယ်အစားပေါ် မူတည်၍ လိုက်ဖက်မည့် အရုပ်များကို ရွေးချယ်ရေးဆွဲရသည်။ ဘူးသီးပန်းချီ ဖန်တီးရာတွင် ဘိုမရုပ်၊ ပစ်တိုင်းထောင်ရုပ်၊ ဆံတောက်နှမပုံကလေးများ၊ ပုဂံနှင့်ပတ်သက်သည့်ပုံများ၊ ဇီးကွက်ရုပ်နှင့် အခြားရုပ်ပုံများကိုလည်း သရုပ်ဖော်ရေးဆွဲသည်။ အုန်းခွက်ပန်းချီ၊ ပုလင်းပန်းချီများ ရေးဆွဲရာတွင် တိုင်းရင်းသားပုံ၊ မြန်မာနိုင်ငံ၏ အထင်ကရနေရာ၊ ရိုးရာလိုင်း ရွှေရေးပန်းချီဟု ခေါ်သော နည်းဖြင့် အုန်းခွက်ပေါ်တွင် ဆေးရောင်အနီ၊ အနက်၊ ရွှေရောင်များဖြင့် လက်ရာမြောက်ပုံများကို ရေးဆွဲလျက်ရှိသည်။ အုန်းခွက်ပန်းချီကား တစ်ကားလျှင် ငွေကျပ် ၂၀ဝ၀ဝ ဖြင့် ရောင်းချပြီး အုန်းခွက်အတွင်း ပုံတူရေးလျှင် တစ်ကားငွေကျပ် ၅၀ဝ၀ဝ ဖြင့် ရေးဆွဲပေးရကြောင်း သိရသည်။

Read 269 times Last modified on Monday, 13 August 2018 09:57