SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပြုချက်များ အကောင်အထည် ဖော်ရာတွင် ကုလသမဂ္ဂ၏ ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

Tuesday, 14 August 2018 09:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်   ၁၃

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပြုချက်များ အကောင် အထည်ဖော်ရာတွင်  ကုလသမဂ္ဂ၏ ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ကျင်းပသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက် များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ အနေဖြင့် ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့်  မစ္စတာ ကိုဖီ အာနန် ဦးဆောင်သည့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့၏ အကြံပြုချက်များကို   အကောင် အထည်ဖော် ဆောင်ရွက်နေသည်မှာ တစ်နှစ်နီးပါးရှိနေပြီ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်၏ အကြံပြုချက်  ၈၈ ချက်အနက် အချက် ၈ဝကို စတင်အကောင်အထည်ဖော် ဆောင်ရွက် နေကြောင်း၊  အကြံပြု ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်၏မူဝါဒ၊  တည်ဆဲဥပဒေများနှင့်အညီ  တည်ငြိမ် အေးချမ်းရေးကို အလေးထားပြီးကြိုးစားဆောင်ရွက် နေကြောင်း၊ အချိန်ယူ၍ ဆောင်ရွက်ရမည်ဖြစ်ပြီး   အောင်မြင် အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ လုပ်ငန်းများအောင်မြင်ရန်အတွက်   အရေးကြီးဆုံး အချက်မှာ  တည်ငြိမ်အေးချမ်းမှုရှိရေး ပင်ဖြစ်ကြောင်း၊ ကော်မတီ၏အကြံပြုချက် အများစုသည် လူမှု စီးပွားဖွံ့ဖြိုး တိုးတက် ရေးနှင့် လူမှု သဟဇာတ ဖြစ်ရေးကို ဦးတည်ကြောင်း။

အေးချမ်းတည်ငြိမ်ရေးအတွက် တရားဥပဒေ စိုးမိုးရေးသည်အရေးကြီးသည့်အချက်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုး ရေးကို မြှင့်တင်ရန် အတွက် လုံခြုံရေးကဏ္ဍတွင် ပြည်သူပူးပေါင်းပါဝင်သော   ရဲလုပ်ငန်းစဉ်အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း၊  နိုင်ငံတကာ အဖွဲ့များအနေဖြင့်   နိုင်ငံတကာ၏ အလေ့အထကောင်းများ၊ စံနှုန်းများနှင့်အညီ   တရားဥပဒေ စိုးမိုးရေး မြှင့်တင်မှုကို လုံခြုံရေးတပ်ဖွဲ့များပိုမိုနားလည် လာစေရန် ထောက်ပံ့ပေးသည့် လုပ်ငန်းများတွင်  ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး ဆောင်ရွက်မှုတွင်

လည်း အကြံဥာဏ်များနှင့် အကူအညီများပေး စေလိုကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ပြန်လည် ပေါင်းစည်းရေး၊ ငြိမ်းချမ်းရေး၊ အေးချမ်းတည် ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြေရှင်းရန်အတွက် ပြည်တွင်းလုပ်ငန်း၏ အခန်းကဏ္ဍ တစ်ရပ်အဖြစ် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း။

ဒုက္ခသည်များအား ပြန်လည်ခေါ်ဆောင်ရေး အတွက်  မြန်မာနိုင်ငံနှင့်  UNDP ၊ UNHCR တို့အကြား   နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပြီး အစည်းအဝေးများကျင်းပကာ ရခိုင်ပြည်နယ်သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း၊

ပြန်လည် ဝင်ရောက်လာသူများအား  နှစ်နိုင်ငံသဘောတူညီချက်အတိုင်း   ပြန်လည်နေရာ ချထားရန် ဆောင်ရွက် နေကြောင်း၊ ရခိုင်ပြည်နယ်  ငြိမ်းချမ်းရေးနှင့်  သာယာဝပြောရေးအတွက်  ရေရှည်တည်မြဲမည့်အဖြေရရှိရေး ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြံ ပြုချက်များထဲမှ  တိုင်းပြည်အတွက်အကျိုးရှိ မည့်အချက်များ အား  အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂအဖွဲ့နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများ အနေဖြင့် ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြံပြုချက်များ အကောင် အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများ အပေါ် ပူးပေါင်း ဆောင်ရွက်ရန်ပြောကြား လိုကြောင်း၊ ယနေ့ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲမှ ထိရောက်သည့်ရလဒ်များ ထွက်ပေါ်လာစေရန် မျှော်လင့်ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက် လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက်ဆွေးနွေးကြသည်။   အလုပ်ရုံ ဆွေးနွေးပွဲသို့  ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင် ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ များ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်များ တက်ရောက် ကြကြောင်း သတင်းရရှိသည်။ 

 

Read 171 times Last modified on Tuesday, 14 August 2018 09:34