×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

မကွေးမြို့ ကန်ပြားရွာ၌ ထိန်းသိမ်းထားသည့် နှစ်ပေါင်း ၁၅ဝ ကျော် သက်တမ်းရှိ မင်းတုန်းမင်း၏ သိမ်အလှူပေစာကို လေ့လာနိုင်

Tuesday, 14 August 2018 09:41 font size decrease font size decrease font size increase font size increase font size

မကွေး သြဂုတ် ၁၃

မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ် ကန်ပြားကျေးရွာ(အရှေ့ရွာ) မန်ကျီးတော ဘုန်းတော်ကြီး ကျောင်း၌ မင်းတုန်းမင်းကြီး လက်ထက် ရဟန်းသံဃာတော်များ ဥပုသ်ပဝါ ရဏာကံကြီးကံ ဖော်ဆောင်ရွက်နိုင်ရန်အတွက်သိမ်တည်ခွင့်ပြုရေး ဘုရင့်ထံ လျှောက်တင်သော ပေရွက်စာချွန်လွှာ၊ မင်းတုန်းမင်းကြီးက သိမ်တည်ခွင့်ပြုသော ဘုရင့် အမှတ်တံဆိပ် ရိုက်နှိပ်ထားသည့် သိမ်အလှူ ပေရွက်စာချွန်လွှာ များကို ထိန်းသိမ်းထားပြီး လာရောက် လေ့လာနိုင်ကြောင်း သိရသည်။

''ရဟန်းလောကမှာ ဥပုသ်ပဝါရဏာ ကံကြီးကံငယ် ဆောင်ရွက်ဖို့ အတွက် သိမ်ဆိုတာ မရှိရင်မဖြစ်ဘူး။ ရဟန်းကိစ္စမှာ အထွတ်အထိပ်ဖြစ်တဲ့ ကံကြီးကံငယ်ဆောင် (ရဟန်းခံ၊ ရှင်ပြု)ချင်တယ်။ ဥပုသ်ပြုချင်တယ်။ ပဝါရဏာ ပြုချင်တယ်။ ဒီကိစ္စတွေအတွက် ဘုရင့်ထံ သိမ်မြေတောင်းရတာ။ သိမ်မရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ဒီကိစ္စတွေ ပြုချင်တယ်ဆိုရင် တော့ မိုးတွင်းလေးလပတ်လုံး ရေတည်တဲ့ နေရာဟာသိမ်ပဲ။ မြစ်နဲ့နီးရင်မြစ်၊ ကန်နဲ့နီးရင် ကန်၊ အင်းနဲ့နီးရင်အင်း၊ ချောင်းနဲ့နီးရင်ချောင်း အဲဒီ့ နေရာမှာ ဖောင်လုပ်ပြီး ဖောင်ပေါ်မှာ ရဟန်းခံ၊ ရှင်ပြုနဲ့ ဥပုသ်ပဝါရဏာတွေ ပြုကြရတယ်။ သံဃာတော်တွေကို ဒုက္ခမများရအောင် ဘုရင်က သိမ်လှူပေးခဲ့တာ''ဟု မန်ကျီးတောကျောင်းတိုက် ဆရာတော် ဦးတေဇနိယက မိန့်ကြားသည်။

ပေဘူးထဲတွင် နှစ်ပေါင်း ၁၅ဝ ကျော် သိမ်းဆည်းထားသည့် ပေစာများအပြင် နှစ်ပေါင်း  ရာချီသက်တမ်းရှိ မန်ကျီးစေ့ကမ္မဝါစာ၊ ရွှေပေစာ၊ ပုရပိုက်များ၊ ကြွေပန်းကန်ကြီးများ နှင့်တရားစာပေများ သိမ်းဆည်းသည့် စာတိုက်တို့ကိုလည်း ထိန်းသိမ်း ထားလျက်ရှိရာ သမိုင်း

လေ့လာသူများ အနေဖြင့် မှတ်တမ်းပြု ကိုးကားစရာ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Read 203 times Last modified on Tuesday, 14 August 2018 09:48