SJ WorldNews - шаблон joomla Авто

စည်းကမ်းမဲ့ မောင်းနှင်သော မော်တော်ယာဉ်များကို မိုဘိုင်းစနစ်ဖြင့် အရေးယူမည်

Wednesday, 15 August 2018 09:48 font size decrease font size decrease font size increase font size increase font size

မြိတ်   သြဂုတ်  ၁၄

တနင်္သာရီတိုင်းဒေသကြီး    မြိတ်မြို့၌ သြဂုတ် ၂ဝ ရက်မှစ၍ စည်းကမ်းမဲ့မောင်းနှင်သော မော်တော်ယာဉ်များကို ဌာနပေါင်းစုံ ပါဝင်သော ပူးပေါင်းအဖွဲ့က  မိုဘိုင်းစနစ်ဖြင့် စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း  မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ထိုသို့ မိုဘိုင်းစနစ်ဖြင့် ဖမ်းဆီးအရေးယူရာတွင်  ဆိုင်ကယ်စီးနင်းစဉ်  ခိုင်ခံ့လုံခြုံ စိတ်ချရသော ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း၊ မော်တော်ယာဉ် မောင်းနှင်စဉ် အသက်ကယ်ထိုင်ခုံခါးပတ် ပတ်ထားမှုမရှိဘဲ မောင်းနှင်ခြင်း၊ယာဉ်များတွင် သတ်မှတ်နံပါတ်ပြားများ ရှေ့နောက်တပ်ဆင်မှု မရှိဘဲ  မောင်းနှင်ခြင်း၊ ယာဉ်များတွင် အသံဆူညံသည့် အိတ်ဇောများ တပ်ဆင်မောင်းနှင်ခြင်း၊  အိတ်ဇောဖြုတ်၍ ပတ်ဝန်းကျင်ကို   ဆူညံထိခိုက်စေသော အသံဖြင့် မောင်းနှင်ခြင်း၊ ဆိုင်ကယ်ပေါ်တွင် နှစ်ဦးထက်ပို၍   တင်ဆောင်စီးနင်းခြင်း၊  သတ်မှတ် ယာဉ်မောင်း လိုင်စင်ဖြင့် မောင်းနှင်မှုမရှိခြင်း၊အသက်အရွယ်မပြည့်သည့် ကလေးငယ်များအား ယာဉ်များကို မောင်းနှင်စေခြင်းစသည့်  စည်းကမ်းမဲ့ မော်တော်ယာဉ်များကို အရေးယူမည်ဖြစ်သည်။

အဆိုပါ  စည်းကမ်းမဲ့ မော်တော်ယာဉ်များအား ဖမ်းဆီးမည့် သတ်မှတ်နေရာများမှာ  ဂေါက်ကွင်းလမ်းဆုံ၊  ဆိပ်ငယ်ဗောတံတားရှေ့ ကမ်းနားလမ်း၊  ဘုရားကိုင်လမ်းဆုံ၊ ရွှေပြည်တန်လမ်းဆုံ၊ ကရခလမ်းဆုံ၊ ပိတောက်ပင်လမ်းဆုံနှင့် ကန်ဖျားလမ်းဆုံ၊  ဗိုလ်ချုပ်လမ်း၊  နာရီစင်လမ်းဆုံနှင့် မြို့တွင်းယာဉ် အသွားအလာ များသော နေရာများအပါအဝင် မြို့အပြင်ဖြစ်သော ကျောက်ဖြူတောင်လမ်းဆုံ၊ ကျွဲကူးတံတားထိပ် စသည့် နေရာတို့တွင် တစ်ပတ်လျှင်  နှစ်ရက် မိုဘိုင်း (Mobile)  စနစ်ဖြင့် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သိရသည်။ 

Read 209 times Last modified on Wednesday, 15 August 2018 09:49