SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဆိုက်ဘာ လုံခြုံရေးနှင့် လူမှုကွန်ရက်များတွင် ဆိုက်ဘာ အလွဲသုံးမှု ဆိုင်ရာ ကိစ္စရပ်များ၌ ပူး ပေါင်းဆောင် ရွက်မှုတိုးမြှင့် ရေးဆွေးနွေး

Monday, 04 September 2017 09:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ ၃

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့်အဖွဲ့သည် သြဂုတ် ၃၁ ရက် တွင် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ကျင်းပသည့်

(၈)ကြိမ်မြောက် အရှေ့အာရှ နှင့် လက်တင် အမေရိ ကဒေသပူးပေါင်းဆောင် ရွက်ရေးဖိုရမ် (The Forum for East Asiaand  Latin  America  Cooperation-FEALAC)၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးသို့ တက် ရောက်သည်။

 အဆိုပါဖိုရမ်တွင်ကိုရီးယားသမ္မတနိုင်ငံသမ္မတ H.E. Mr. Moon Jae-in က အဖွင့် အမှာစကား ပြောကြားပြီး ကိုရီး ယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးံ. H.E. Ms. Kang Kyung-Wha နှင့် ကိုရီး ယားနိုင်ငံဆိုင်ရာ ဂွါတီမာလာ သံအမတ်ကြီးံ. H.E. Mr. HerbertEstuardo Meneses တို့ က ပူးတွဲသဘာပတိများအဖြစ်ဆောင်ရွက်သည်။

 အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးကျော်တင်က ဒေသကြီးနှစ်ခု အကြားပူးပေါင်းဆောင် ရွက်မှုပိုမို ထိရောက် သွက်လက် လာစေရေးနှင့် ပညာရေး၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေး ဆိုင်ရာ ကိစ္စ ရပ်များ၊ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာစိန်ခေါ်မှုများ၊ နိုင်ငံဖြတ်ကျော်မှုခင်း များ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ဆိုက်ဘာ လုံခြုံရေးနှင့် လူမှုကွန်ရက်များတွင် ဆိုက်ဘာ အလွဲသုံး မှုဆိုင်ရာ ကိစ္စ ရပ်များ၌ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်သွားရန် လိုအပ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ဖိုရမ်သို့လက်တင် အမေရိကနှင့် အရှေ့ အာရှဒေသရှိ  အဖွဲ့ဝင် ၃၆ နိုင်ငံမှ ဝန်ကြီး အဆင့်ကိုယ်စားလှယ်အဖွဲ့များ  တက်ရောက်ကြသည်။

 ဖိုရမ်မှ ဘူဆန်ကြေညာချက်နှင့် လုပ်ငန်း စီမံချက်အသစ်အားထုတ်ပြန်ခဲ့ပြီး FEALAC ပူးပေါင်း ဆောင်ရွက်ရေး စီမံချက်များ တိုးမြှင့် အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် င်္ FEALAC ရန် ပုံငွေ တစ်ရပ်ထူထောင်ရန် သဘောတူညီခဲ့ကြသည်။

အရှေ့အာရှနှင့် လက်တင်အမေရိကဒေသ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် အရှေ့ အာရှ ဒေသမှ ၁၆ နိုင်ငံ၊ လက်တင်အမေရိက ဒေသမှ နိုင်ငံ ၂ဝ ပါဝင်ပြီး ဒေသကြီးနှစ်ခု အကြား စီးပွား ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရေးအပါအဝင် ကဏ္ဍ အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်ရန် ၁၉၉၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာဖိုရမ်၏ နိုင်ငံခြား ရေး ဝန်ကြီး များ  အ စည်း အဝေးကို နှစ်နှစ်လျှင် တစ်ကြိမ် ဒေသနှစ်ခု၌ အလှည့်ကျ ကျင်းပလျက်ရှိသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည်စက်တင်ဘာ ၁ ရက်တွင် ဘူဆန်မြို့၌ကျင်းပသည့် (၇)ကြိမ် မြောက် မဲခေါင်-ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်သည်။

 အစည်းအဝေးတွင် ပူးတွဲသဘာပတိများ၏ ကြေညာချက်နှင့်မဲခေါင်-ကိုရီးယားပူးပေါင်း ဆောင် ရွက်ရေးအစီအစဉ်သစ်(၂ဝ၁၇-၂ဝ၂ဝ)ကို အတည်ပြုထုတ်ပြန်သည်။ အဆိုပါအစည်း အဝေး တွင်ဒုတိယဝန်ကြီးက မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် မြန်မာ နိုင်ငံ၌ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့်စီမံကိန်းများ၏ တိုးတက်မှု အခြေ အနေများ ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

 အဆိုပါအစည်းအဝေးသို့ ကိုရီးယားသမ္မတနိုင်ငံ  မဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးအဆင့် ကိုယ်စားလှယ် အဖွဲ့ များ တက်ရောက်ကြသည်။

 မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်သစ်(၂ဝ၁၇-၂ဝ၂ဝ)တွင် မြန်မာနိုင်ငံ၏ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသမှ နံရံဆေးရေးပန်းချီကားများကို ဒစ်ဂျစ်တယ် နည်းပညာဖြင့် ထိန်း သိမ်း မှတ်တမ်းတင်ခြင်းစီမံချက်၊ ပညာရေး၊ ယဉ်ကျေးမှုနှင့်ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွင် စွမ်းရည်မြှင့်တင်ရေးစီမံချက်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လေအားလျှပ် စစ် အ သုံးပြု မှုလေ့လာရေး စီမံချက်များအပါအဝင် မဲခေါင်နိုင်ငံများ အတွက် စီမံချက်ငါးခုကို အကောင် အထည်ဖော်ရန် အတည်ပြုချမှတ်သည်။

 FEALAC အစည်းအဝေးတက်ရောက်စဉ်အတွင်း ဒုတိယဝန်ကြီးသည် သြဂုတ် ၃ဝရက်က ကိုလံဘီ ယာနိုင်ငံခြားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး  Ms.Patti Londono နှင့်တွေ့ ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီး ဌာနများအကြား ဆွေးနွေးမှုလုပ်ငန်းစဉ် တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန် လွှာလက်မှတ်ရေး ထိုးရေး၊   ကိုလံ ဘီယာနိုင်ငံမှ  မြန်မာနိုင်ငံအတွက်  စပိန်ဘာသာ စကား သင်တန်းတိုးချဲ့ဖွင့်လှစ်သင်ကြားရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ ငြိမ်းချမ်းမှု ထိန်း သိမ်းရေး ကဏ္ဍများတွင်  ကို လံ ဘီ ယာနိုင်ငံ၏ အတွေ့အကြုံများအား မြန်မာနိုင်ငံသို့ မျှဝေရေး ကိစ္စ ရပ် များကို ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။                  

 

 

Read 329 times Last modified on Monday, 04 September 2017 09:15