SJ WorldNews - шаблон joomla Авто

ယာဉ်တိုက်မှုမှ ဒဏ်ရာရ ခရီးသည်များအား အာမခံကြေးငွေ ပေးအပ်

Monday, 04 September 2017 09:34 font size decrease font size decrease font size increase font size increase font size

မြိတ် စက်တင်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အဝင် လမ်းကွေ့တွင် မေ ၉ ရက်က ဖြစ်ပွားခဲ့သော မန်းရာဇာခရီးသည်တင် မှန်လုံယာဉ်ကြီးနှင့် နေနှင့်လ ခရီးသည်တင် ယာဉ်ငယ်တို့ ယာဉ်တိုက်မှုမှ 

ဒဏ်ရာရ ခရီးသည်များနှင့် ယာဉ်ပိုင်ရှင်များအား   အာမခံကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် မြိတ်ခရိုင်   ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီရုံး၌ ကျင်းပသည်။

အခမ်းအနားတွင်  မန်းရာဇာယာဉ်လိုင်း အလုံးစုံအာမခံထားရှိသော GGI အာမခံကုမ္ပဏီမှ တာဝန်ရှိသူများက ယာဉ်တိုက်မှုတွင် ဒဏ်ရာရရှိသော ခရီးသည် ခုနစ်ဦးအတွက် စုစုပေါင်းငွေကျပ် ၁၄၂၄ဝဝဝ ကို လည်းကောင်း၊ အာမခံယာဉ်၏ ပြုပြင်စရိတ် ငွေကျပ် ၆၂ဝဝဝဝဝ ကို လည်းကောင်း၊ Third Party ယာဉ်တိုက်မှုအတွက် Total Loss သတ်မှတ်၍ လျော်ကြေးငွေကျပ် ၂၆၅ဝဝဝဝဝ ကို လည်းကောင်း ဒဏ်ရာရ ခရီးသည်များ၊ ယာဉ်လိုင်းပိုင်ရှင်များထံသို့    လက်ဝယ်အရောက် ပေးအပ်သည်။

ထို့နောက် အာမခံကြေးငွေရရှိသော ဒဏ်ရာရခရီးသည်များနှင့် ယာဉ်လိုင်းပိုင်ရှင်များက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မြိတ်ခရိုင် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သင်းမောင်က ယာဉ်လိုင်းပိုင်ရှင်များ အနေဖြင့် အလုံးစုံအာမခံ ထားရှိကြရန်နှင့် အာမခံထားရှိသည့်အတွက် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက မိမိအတွက် ဆုံးရှုံးမှုမရှိဘဲ အထောက်အပံ့ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။ 

Read 349 times Last modified on Monday, 04 September 2017 09:34