SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

လွိုင်ကော်မြို့၌ ငါးနှစ်အောက် ကလေးငယ်များအတွက် အာဟာရ ချက်ပြုတ်ပြိုင်ပွဲ ကျင်းပ

Monday, 20 August 2018 09:32 font size decrease font size decrease font size increase font size increase font size

လွိုင်ကော် သြဂုတ် ၁၉

အာဟာရ ချက်ပြုတ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကယားပြည်နယ် လွိုင်ကော်မြို့ မင်းစုရပ်ကွက်ရှိ လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး  ဦးစီးဌာန ရုံးဝင်းအတွင်း၌ ကျင်းပသည်။

ပြိုင်ပွဲသို့ ရပ်ကွက်ပေါင်းစုံမှ နှစ်ရပ်ကွက် တစ်ဖွဲ့ စုစုပေါင်း ကိုးဖွဲ့ဝငရောက် ယှဉ်ပြိုင်ကြပြီး ယှဉ်ပြိုင်နေစဉ် ဒိုင်အဖွဲ့က တစ်ကိုယ်ရေ သန့်ရှင်းမှု၊ အာဟာရသုံး အုပ်စုဖြစ်သည့် အင်အားဖြစ်စေသော အစားအစာ၊ ခန္ဓာကိုယ် ထွားကျိုင်းစေသော အစားအစာ၊ ရောဂါကာကွယ် စေသော အစားအစာများ ပါဝင်မှု စသည်တို့နှင့် ဟင်းသီးဟင်းရွက်၊ အသားများ အပြင် အချိုပွဲပြင်ဆင်ရာတွင် အာဟာရ သုံးအုပ်စုထဲမှ ဗီတာမင်များ လေလွင့် ဆုံးရှုံးမှု ရှိ၊ မရှိကို အမှတ်စည်းမျဉ်း များနှင့်အတူ လှည့်လည် ကြည့်ရှု စစ်ဆေးကာ အမှတ်ပေးကြသည်။

''ကျန်းမာသန်စွမ်း၊ ဥာဏ်ရည်ဖွံ့ဖြိုးဖို့ ဆိုရင် ငါးနှစ်အောက် ကတည်းက ဗီတာမင်များ ပြည့်ဝစွာ ပါဝင်ဖို့ လိုအပ်တယ်။ ဒါမှသာ ကလေးငယ်တွေဟာ ပိန်လှီမှုတွေ မရှိမှာဖြစ်ပြီး ဥာဏ်ရည်ပြည့်ဝတဲ့ ကလေးတွေ ဖြစ်လာမှာ ဖြစ်တယ်။ ဒါကြောင့် မိခင်တိုင်းဟာ အာဟာရ ပြည့်ဝစွာ ပါဝင်ဖို့ ချက်ပြုတ်တဲ့ အသိပညာတွေ သိရှိထားဖို့ လိုအပ်သလို မိမိတို့အနီး ပတ်ဝန်းကျင်မှာ ရှိတဲ့ မိခင်တိုင်း၊ မိခင်တိုင်းကို အသိပညာပေးမှုတွေ ဆောင်ရွက်ဖို့ လိုတယ်''ဟု မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌက  ပြောသည်။

ယင်းနောက် ငါးနှစ်အောက် ကလေးငယ်များအတွက် အာဟာရ ချက်ပြုတ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသူများကို ပြည်နယ် စာရင်းစစ်ချုပ်၏ဇနီး၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆုများ အသီးသီး ပေးအပ်ကြောင်း သိရသည်။

Read 171 times Last modified on Monday, 20 August 2018 09:34