SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်ဆု ရရှိသူများအား ဆုပေးအပ်

Monday, 20 August 2018 09:34 font size decrease font size decrease font size increase font size increase font size

အိမ်မဲ သြဂုတ် ၁၉

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း ရွှေညီလာ ခန်းမ၌ ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်ဆု ရရှိသူများအား ဆုပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဌေးဝင်းနှင့် ဧရာဝတီတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းတို့က ဂုဏ်ပြု အမှာစကား အသီးသီး ပြောကြားသည်။

ဆက်လက်၍ ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက် အကောင်းဆုံး ရရှိသော ကျောင်းများ၊ နိုင်ငံတော်အဆင့် ၁ဝ၊ တိုင်းဒေသကြီး အဆင့် ၆ ရရှိခဲ့သော ကျောင်းသား တစ်ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် သုံးဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ငါးဦး၊  သုံးဘာသာ ဂုဏ်ထူးရှင် ၆၅ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁ဝ၇ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၂၈ ဦးကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ကြသည်။

ထို့နောက် အောင်ချက် အကောင်းဆုံး ဆုများနှင့် ဂုဏ်ထူး ရရှိအောင် သင်ကြားပေးနိုင်ခဲ့သော ဆရာ၊ ဆရာမ ၈၄ ဦးအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်သည်။

ယင်းနောက် ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လှူဒါန်း ပေးကြသော စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုလွှာ ပေးအပ်ပြီး ဂုဏ်ထူးရ ကျောင်းသား၊  ကျောင်းသူများက ဂုဏ်ပြု သီချင်းများဖြင့် သီဆို ဖျော်ဖြေကြောင်း သိရသည်။

ချစ်သက်လယ်

Read 139 times Last modified on Monday, 20 August 2018 09:35