SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အကြို တေးသရုပ်ဖော်နှင့်တစ်ခန်းရပ် ပြဇာတ်ပြိုင်ပွဲကျင်းပ

Monday, 04 September 2017 10:21 font size decrease font size decrease font size increase font size increase font size

တာလေ  စက်တင်ဘာ ၃

မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အကြို တေးသရုပ်ဖော်နှင့် တစ်ခန်းရပ်ပြဇာတ် ပြိုင်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)  တာချီလိတ်ခရိုင် တာလေမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း  ချယ်ရီ ခန်းမ ဆောင်၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ တာလေမြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥက္ကဋ္ဌ ဦးမျိုးဇော်က အဖွင့် အမှာစကား ပြောကြားပြီး World Vision Myanmar (တာချီလိတ်)မှ ညှိနှိုင်းရေးမှူး ဦးပီတာဖိုးက လုပ်ငန်းဆောင်ရွက် ချက်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တာလေမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက မေတ္တာမီး အိမ်၊ ရွှေရောင် အနာဂတ်၊  ထာဝရသစ္စာ၊  ကလေးတို့ရဲ့အဖြူရောင်ကမ္ဘာ၊ ကမ္ဘာကြီးက တို့အိမ်၊ ဘယ်သူဖေးမ ကူညီမလဲ ခေါင်းစဉ်များဖြင့် တေးသရုပ်ဖော်ကိုလည်းကောင်း၊ ကြွေလွင့်သွားသော နှင်းဆီရိုင်း၊   မေတ္တာသည် သာ အဓိက၊ အနာဂတ်ကြယ်ပွင့် ရှင်သန်ခွင့်၊ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး၊ ရင်သွေး ငယ်များ ထိန်းသိမ်းစို့    ခေါင်းစဉ်များဖြင့် တစ်ခန်းရပ်ပြဇာတ်ကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်ကြသည်။

ဆက်လက်၍ တာလေမြို့နယ် လူကုန် ကူးမှုတားဆီးကာကွယ်ရေးဥက္ကဋ္ဌ ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ကြကြောင်း သိရသည်။

Read 231 times Last modified on Monday, 04 September 2017 10:23