SJ WorldNews - шаблон joomla Авто

လက်လီအရောင်းဆိုင် သုံးသိန်း နီးပါး ရှိသော်လည်း အဖွဲ့ဝင်ထားသူ ၃ဝဝဝ ခန့်သာရှိ

Monday, 04 September 2017 10:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   စက်တင်ဘာ  

တစ်နိုင်ငံလုံး အနေဖြင့် လက်လီအရောင်းဆိုင် သုံးသိန်းနီးပါး ရှိသော်လည်း အဖွဲ့ဝင်ထားသူ ၃ဝဝဝ ခန့်သာရှိပြီး အကျိုးအမြတ် ဖြစ်ထွန်းစေသော လုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင်များအသင်း  အတွင်းရေးမှူး ဦးသူရိန်ငြိမ်းထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အပါအဝင် အသင်းခွဲများတည်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊  မြစ်ကြီးနား နှင့် ရှမ်းပြည်နယ်တို့မှ  မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင်များ အသင်းသို့    အသင်းဝင်ထားသူ ၃ဝဝဝ ခန့်သာရှိကြောင်း     သိရသည်။

''အခုလို အရေအတွက် နည်းပါးတာက သူတို့အနေနဲ့  အသင်းအဖွဲ့ဝင်ရင်  ဘယ်လိုအကျိုးအမြတ် ရနိုင်မလဲဆိုတဲ့   မျှော်လင့်ချက်တွေ၊ အသင်းအနေနဲ့လည်း လက်လီအရောင်းဆိုင်တွေ  အသင်းဝင်ရောက်ဖို့  လှုံ့ဆော်မှုတွေ    သိပ်မလုပ်နိုင်တာတွေကြောင့်ပါ။ ကျွန်တော်တို့အနေနဲ့ အဖွဲ့ဝင် အရေအတွက်တိုးဖို့ထက်   အရည်အသွေး တိုးလာတာကိုပဲလိုချင်တာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ထဲမှာ   တကယ့်ကို အချိန်ပေးနိုင် တဲ့သူ၊ လုပ်ငန်းခွင်ထဲရှိနေတဲ့ သူတွေကို လိုချင်တာပါ။ ဒီအတွက်ကြောင့် ကျွန်တော်တို့ကိုယ်တိုင်   အဖွဲ့ဝင်ဖြစ်ရင် ပြီးရောဆိုပြီး လုပ်တာမျိုးမဟုတ်ဘဲ ပြန်ပြီး  စိစစ်ကန့်သတ် လိုက်တာတွေလည်း  ရှိပါတယ်'' ဟု  မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင် ကပြောသည်။

လက်ရှိတွင်   လက်လီလုပ်ငန်းရှင်များ အသင်းသို့ အသင်းဝင်ရောက်ရန် နိုင်ငံတော်မှ ချမှတ်သည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာ၍ လုပ်ငန်းလိုင်စင်ရှိသူများကိုသာအသင်းဝင်အဖြစ် လက်ခံပေးလျက် ရှိကြောင်း သိရသည်။

အသင်းအဖွဲ့ဝင်ရောက်ခြင်းဖြင့် ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းနှင့်  မိမိဆိုင်များအတွက် လိုအပ်နေသည့်    ပြင်ဆင်လုပ်ဆောင်လိုသော အပိုင်းများအတွက်    အသင်းအဖွဲ့ဝင် အချင်းချင်း ပြန်လည်မျှဝေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း  သိရသည်။

Read 259 times Last modified on Monday, 04 September 2017 10:26