SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်

Monday, 04 September 2017 10:28 font size decrease font size decrease font size increase font size increase font size

မြင်းမူ  စက်တင်ဘာ  

အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူ မြို့နယ် မကျီးကန်ကျေးရွာ၌ ယနေ့ နံနက်ပိုင်း တွင် ကျင်းပသည်။

ရှေးဦးစွာ ကျောင်းအဆင့်တိုးမြှင့်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံ သက်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ် စားလှယ် ဦးသောင်းမြင့်နှင့် ဒေါ်နီလာလွင်၊ စစ်ကိုင်း တိုင်းဒေသကြီး ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  တိုင်းဒေ သကြီးလွှတ်တော် ဥက္ကဋ္ဌ ဦး သန်းက အဆင့်တိုးမြှင့်ကျောင်းဆိုင်းဘုတ်အား စက်ခလုတ် နှိပ်ဖွင့် လှစ်ပေးသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီခိုင်က အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အထိမ်း အမှတ်အလံများကို တာဝန်ရှိသူများထံ ပေးအပ်သည်။ထို့နောက် အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ရန်ကုန်တိုင်း ဒေသကြီးရန်ကင်းမြို့နယ် စစ်ကိုင်းရွှေဟင်္သာ ကျောင်းတိုက်ဆရာတော် ဦးစက္ကိန္ဒ၊ ဝေဠုကျော်ဖောင်ဒေးရှင်းနှင့်     မန္တလေးမြို့ မှ အလှူရှင်များက ကျောင်းသုံးဗလာစာအုပ် များပေး အပ် လှူဒါန်းသည်။အဆိုပါ အခြေခံပညာအလယ်တန်းကျောင်း၌  ကျောင်းသား၊  ကျောင်းသူစုစုပေါင်း ၁၈၁ ဦး ပညာသင်ကြား လျက်ရှိ ပြီး မြင်းမူမြို့နယ်အတွင်း ၂ဝ၁၇-၂ဝ၁၈ ပညာ သင်နှစ် ကာလအတွင်း အခြေခံပညာ ကျောင်း ၁၂ ကျောင်းအား အဆင့်တိုးမြှင့် ဖွင့်လှစ် ပေး ကြောင်း သိရသည်။

Read 326 times