SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်နည်း သင်တန်းဖွင့်လှစ်

Monday, 04 September 2017 10:32 font size decrease font size decrease font size increase font size increase font size

အင်းတော် စက်တင်ဘာ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင်ငါး လုပ်ငန်း ဦးစီးဌာန ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်း၍

အခြေခံငါး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ငါးဆေးထိုးသားဖောက်ခြင်းနည်းပညာပေး သင်တန်း အမှတ်စဉ်(၁/၂ဝ၁၇) ဖွင့်ပွဲအခမ်းအနားကို အင်းတော်မြို့နယ် ဆည်ရွာကျေးရွာ အုပ်ချုပ် ရေး မှူးရုံး ၌ ယ မန်နေ့ နံနက် ၉ နာရီကကျင်းပသည်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးဌေးဝင်း၊ မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုထွေးတို့က အမှာ စကားပြောကြားသည်။

ထို့နောက် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းကိုကသင်တန်း ဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်းဆရာများနှင့် သင်တန်း သား များက အပြန်အလှန်မိတ်ဆက်ကြသည်။

အဆိုပါသင်တန်းသို့   သင်တန်းသား၊ သင်တန်းသူ ၃ဝ ဦးတက်ရောက်လျက်ရှိပြီး သင်တန်း နည်းပြ ဆရာများက ငါးကန်မြေနေရာရွေးချယ်ခြင်း၊ ရေသြဇာပြုပြင်ခြင်းနှင့် ငါးသား ပေါက်ပြု စုခြင်း၊ ငါးမွေးမြူခြင်းဆိုင်ရာဥပဒေနှင့် ရေချိုငါးလုပ်ငန်းဥပဒေ၊ ငါးအစာကျွေးမှုနှင့် တစ်ပိုင်တစ်နိုင် ငါးရှဥ့်မွေးမြူနည်း၊ သဘာဝနည်းဖြင့် ရွှေဝါငါးကြင်းသားဖောက်နည်း၊ မျိုးငါးရွေး ချယ်ခြင်း၊   ဆေးထိုး သားဖောက်နည်းနှင့် ငါးမှုန်ပြုစုနည်း၊ ပြုစုကန်များရှင်းလင်းခြင်း၊ မျိုးငါး ဆွဲခြင်းနှင့် ဆေးထိုးခြင်း၊    ငါးဥဖောက်ခြင်းဘာသာရပ်တို့ကို စက်တင်ဘာ ၂ ရက်မှ ၄ ရက် အထိ စာတွေ့ လက်တွေ့ သုံးရက်တိုင်တိုင် သင်ကြားလျက် ရှိကြောင်း သိရသည်။

Read 360 times Last modified on Monday, 04 September 2017 10:33