SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မဟာမြိုင်တော ဒီပါအေးမြကုန်းတော်မြေ၌ ရတနာတန်းဝင်ကျွန်းပင်နှင့် ကော်ဖီပင်များ စုပေါင်း စိုက်ပျိုး

Monday, 04 September 2017 10:35 font size decrease font size decrease font size increase font size increase font size

ကလေး   စက်တင်ဘာ  

ရတနာတန်းဝင်ကျွန်းပင်များနှင့် ကော်ဖီပင်များကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေး ဝမြို့နယ် မဟာမြိုင်တောဒီပါအေးမြကုန်းတော်ပေါ်၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက စုပေါင်း စိုက် ပျိုးကြကြောင်း သိရသည်။

အဆိုပါမဟာမြိုင်တောကြီး၏ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက် အကူပြုနိုင် ရန် နှင့် မိုးရာသီကာလပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုအဖြစ် စုပေါင်း သစ်ပင်စိုက် ပျိုးခြင်း ဖြစ်သည်။

ထိုသို့စိုက်ပျိုးရာတွင် ကလေးခရိုင်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့်  ဝန် ထမ်းများ၊ ကလေးဝမြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့်ဝန်ထမ်းများ၊ ကျေးရွာ အနီးပတ် ဝန်း ကျင်ရှိ ကျေးလက်နေ ပြည်သူများက ရတနာတန်းဝင် ကျွန်းပင်ပေါင်း ၃ဝဝဝ နှင့်ကော် ဖီပင် ၆ဝဝ စုစုပေါင်းအပင် ၃၆ဝဝ တို့ကို  စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။                       

Read 337 times Last modified on Monday, 04 September 2017 10:38