SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

သဘာဝဘေး ကယ်ဆယ်ရေး စခန်းများ ထပ်မံ ဖွင့်လှစ်မည်

Monday, 04 September 2017 12:33 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ  

ရခိုင်ပြည်နယ်၌  သဘာဝဘေး အန္တရာယ်များနှင့် တွေ့ကြုံလျှင် ရင်ဆိုင်ဖြတ်သန်းနိုင်ရန် ရခိုင်ပြည် နယ်ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ  ရခိုင်ပြည်နယ်၌

သဘာဝ ဘေးကယ်ဆယ်ရေး စခန်းများ ထပ်မံဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အဆိုပါဦး စီးဌာန၏   ညွှန်ကြားရေးမှူး ဦးကျော်မင်းထံမှ သိရသည်။ အဆိုပါသဘာဝဘေး ကယ်ဆယ်ရေး စခန်းများ ကို  ထပ်မံ တည်ဆောက်ရာတွင် စခန်းတစ်ခု လျှင် လူဦးရေ ၄ဝဝ မှ ၅ဝဝ ကြားနေထိုင်နိုင်ရန် တည်ဆောက်မည်ဖြစ်သည်။

''ဒီစခန်းတွေ ထပ်မံတည်ဆောက်ရတဲ့ ရည်ရွယ်ချက်က ရခိုင်ပြည်နယ် အတွင်းမှာ သဘာဝဘေး အန္တရာယ်တွေ ကျရောက်ရင် ပြည်သူတွေ အနေနဲ့ ဘေးကင်းတဲ့နေရာမှာ လုံလုံ လောက် လောက်နေနိုင် ဖို့ ရည်ရွယ်တည်ဆောက်တာပါ'' ဟု ဦးကျော်ဝင်းက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၏ မြေပုံမြို့နယ်၌ ခုနစ်ခု၊ တောင်ကုတ်မြို့နယ်၌လေးခု၊ စစ်တွေမြို့ နယ်၌ ခြောက်ခု၊ ပေါက်တောမြို့နယ်၌သုံးခု၊ မာန်အောင်မြို့နယ်၌ နှစ်ခု၊ အမ်းမြို့နယ်၌ နှစ်ခု၊ ကျောက်ဖြူမြို့ နယ်၌ တစ်ခု၊ မင်းပြားမြို့နယ်၌ တစ်ခုအပါအဝင်  သဘာဝဘေး ကယ်ဆယ်ရေး စခန်း ၂၆ ခုထားရှိကြောင်း သိရသည်။

Read 345 times Last modified on Monday, 04 September 2017 12:36