SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

တပ်မတော်က သတင်းမီဒီယာသမားသုံးဦးအား အမှုကျေအေးခြင်းနှင့်ပတ်သက်၍ မြန်မာနိုင် ငံအမျိုး သားလူ့အခွင့် အရေး ကော်မရှင်မှ ထောက်ခံကြိုဆိုကြောင်း သတင်းထုတ်ပြန်

Tuesday, 05 September 2017 08:57 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် တပ်မတော်မှ တရားစွဲဆိုထားသော သတင်း မီဒီယာသမား သုံးဦးအား အမှုကျေအေးပေးခြင်းနှင့် ပတ်သက်၍ ထောက်ခံကြိုဆို ကြောင်း

ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ သတင်းထုတ်ပြန်ချက်တွင် ဇွန်လ ၂၆ ရက်တွင် ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်း ထောက်တစ်ဦးနှင့် ဒီမိုက ရက် တစ်မြန်မာ့ အသံမှ သတင်းထောက်နှစ်ဦးတို့အား မတရား အသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)ဖြင့် တပ်မတော်က တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ပြီးသီပေါအကျဉ်းထောင်တွင် ချုပ်နှောင် ခံနေ ရကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်မှ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် သြဂုတ်လအတွင်း သီပေါ အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးစဉ် အဆိုပါ သ တင်းထောက် သုံးဦးနှင့်တွေ့ဆုံခဲ့ပြီး၎င်းတို့၏တင်ပြချက်များအပေါ်သုံးသပ်၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ကြောင်း။

စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် တပ်မတော်မှ တရားစွဲဆိုထားခြင်းအား ကျေအေးရုပ် သိမ်းပေးခဲ့ပြီး သတင်းမီဒီယာသမားသုံးဦးအား အာမခံပေး၍ လွှတ်ပေးလိုက်ကြောင်း ကြား သိရသဖြင့် နောင်တွင် တပ်မတော်နှင့် သတင်းမီဒီယာများ အကြား အပြန်အလှန်နားလည် ယုံကြည်မှု ပိုမိုတိုးတက်ခိုင်မြဲစေရေး အတွက် အထောက် အကူဖြစ်နိုင်သည်ဟု ယူဆသဖြင့် ထောက်ခံကြို ဆိုကြောင်း ဖော်ပြထားသည်

Read 187 times