SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကယ်ဆယ်ရေး စခန်းများ အခြေအနေနှင့် တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများ ကောင်းမွန် စေ ရေး ဆွေးနွေး

Tuesday, 05 September 2017 09:06 font size decrease font size decrease font size increase font size increase font size

စစ်တွေ စက်တင်ဘာ ၎

မောင်တောဒေသအခြေအနေ ပုံမှန်ပြန်လည်ရရှိရေး အထူးအစည်းအဝေးကိုယနေ့နံနက် ၈ နာရီ တွင်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။ရှေးဦးစွာ ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးညီပုက အမှာစကားပြောကြားသည်။ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကကဏ္ဍ အလိုက် အသေးစိတ်ပြန်လည်ဆွေးနွေး တင်ပြကြပြီး အစည်း အဝေးကို နံနက် ၁ဝနာရီတွင် ရုပ်သိမ်းလိုက်သည်။

အထူးအစည်းအဝေးတွင် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏တိုက် ခိုက်မှုကြောင့် လမ်းပန်း ဆက်သွယ်ရေး၊ ကယ်ဆယ်ရေး စခန်းများအခြေ အနေနှင့် တယ်လီဖုန်း ဆက် သွယ်မှု လိုင်းများ အပြည့်အဝ ကောင်းမွန်စေရေး စသည့် ကဏ္ဍပေါင်းစုံ စိန်ခေါ်မှု အခက် အခဲပြဿနာများကိုရင်ဆိုင် ဖြေရှင်းနိုင်ရေးနှင့် ဒေသ အမြန်ဆုံးပြန်လည် တည်ငြိမ်ရေးတိုကို ဆွေးနွေးကြသည်။အစည်း အဝေးသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာ ဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သ မားများ၏ တိုက်ခိုက်မှုကြောင့် နေရပ် စွန့်ခွာကာ ကယ်ဆယ်ရေး စခန်းများ၌ ရောက်ရှိ နေသော ဒေသခံ တိုင်းရင်းသားများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊အာလူး၊ ကျန်း မာရေး အထောက် အကူပြုဆေးဝါးပစ္စည်းများ စသည်တို့ကို ကယ်ဆယ်ရေး စခန်းတစ်ခုစီ အလိုက် တပ် မတော်ရဟတ်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ကူညီထောက်ပံ့ပေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က ယနေ့ ကူညီထောက်ပံ့ပေးခဲ့သော ကယ်ဆယ်ရေး စခန်း များမှာ ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်နှင့် ဗမာအများစု နေထိုင်သော မောင်တောဒေသ မြောက် ပိုင်းရှိ တောင်ပြိုဝဲမြို့၊ မြိုနှင့် ဒေသခံ တိုင်းရင်းသား ရခိုင်အများစု နေထိုင်သော တရိန်းကျေးရွာနှင့် ခြံပြင်ကျေး ရွာတို့ဖြစ်ပြီးပြည်နယ်အစိုးရအနေဖြင့် စားနပ်ရိက္ခာနှင့် ပတ် သက် ၍ ဒေသခံတိုင်းရင်း သားများလုံလောက်မှု ရရှိသည်အထိ အဆက်မပြတ် ကူညီ ထောက် ပံ့ပေးသွား မည်ဖြစ် ကြောင်း သိရသည်။

Read 197 times Last modified on Tuesday, 05 September 2017 09:08