SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဝါးထုတ်ကုန်အား သစ်နေရာ၌ အစားထိုးသုံးစွဲနိုင်ရန် စီစဉ်

Tuesday, 05 September 2017 09:41 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၎

သစ်သားနေရာ၌ ဝါးထုတ်ကုန်ကိုအစားထိုးသုံးစွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်းကြိမ်နှင့် ဝါးလုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌဦးကျော်သူထံမှ သိရသည်။

''ဝါးထုတ်ကုန်နည်းပညာပိုင်းနဲ့ပတ်သက်ပြီး ဝါးမီးသွေးထုတ်ဖို့လုပ်နေသလို ဝါးထုတ်ကုန်ကို သစ် သား နေရာမှာအစားထိုးပြီးပြောင်းလဲအသုံးပြုလာနိုင်အောင် စီစဉ်နေပါတယ်။ အခုလို လုပ် ဆောင်နိုင်ဖို့ ပြည်ပအဖွဲ့အစည်းတွေကနေ ချေးငွေရဖို့ လုပ်ဆောင်နေပါတယ်။ အသင်း အနေ နဲ့ ကိုယ်တိုင်လည်း ဝါးစိုက်နေတာဖြစ်လို့ အခုလိုရည်ရွယ် လုပ်ဆောင် နေ တာဖြစ်ပါတယ်။

ဒါပေမဲ့ နည်းပညာပိုင်းတွေလည်းလိုပါသေးတယ်။ ဝါးမီးသွေးထုတ်မယ်ဆိုရင် ကာဗွန် ထုတ် လွှတ် မှု သုညအထိဖြစ်အောင်လုပ်ဖို့နည်းပညာနဲ့ စက်တွေလိုအပ်သလို ကော် အများအပြား သုံးပြီး ထုတ်လုပ်ရမယ့် ဝါးထုတ်ကုန်တွေအတွက်လည်း နည်းပညာတွေလိုအပ်ပါတယ် '' ဦးကျော် သူကပြောသည်။

ကြိမ်နှင့်ဝါးသည် ခုတ်ပြီး ပြန်လည်ပေါက်ရောက်တတ်သော အပင်များဖြစ်၍စိုက်ပျိုးခြင်းထက် ထိန်း သိမ်းခြင်း အပိုင်းကိုပို၍လုပ်ဆောင်ရန်လိုအပ်သည်။ ခုတ်လှဲချိန်တွင် စနစ်တကျနှင့် ခုတ်လှဲရန် လိုသကဲ့သို့ အပင်အနေအထားပေါ်မူတည်၍ခုတ်လှဲရန် လုပ်ဆောင်ခြင်းဖြင့် ကာ ကွယ်ထိန်းသိမ်းရန်လိုအပ်သည်။

ဝါးကုန်ကြမ်းများကို ရန်ကုန်တိုင်းဒေသကြီး ကော့မှူး၊ ကွမ်းခြံကုန်း၊ တိုက်ကြီး၊မှော်ဘီနှင့် ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း)သာယာဝတီ၊ မင်းလှတို့မှရရှိသည်။ သို့ရာတွင် ကုန်ကြမ်း ရရုံနှင့် မပြီးဘဲ ဝါးတောများပါးလာခြင်းနှင့် အရည်အသွေးနိမ့်လာခြင်းများမှ ကာကွယ်ရေး အ တွက် ပြည်ပတင်ပို့ရမည့် ဝါးအမျိုးအစားများကိုစိုက်ပျိုးရန်လိုအပ်ကြောင်း သိရသည်

Read 174 times Last modified on Tuesday, 05 September 2017 09:43